ဆိုင်ကယ်စီးရင်း ဖုန်းလုခံခဲ့ရတဲ့ အစ်မဖြစ်သူရဲ့အကြောင်းကို ပရိသတ်တွေသတိထားဆင်ခြင်နိုင်ဖို့ မျှဝေပေးလာတဲ့ ဝိုင်းရွှေရည်

MRTV 4 သရုပ်ဆောင် ဝိုင်းရွှေရည်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူကြိုက်များလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝိုင်းရွှေရည်ဟာ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ စိမ်း ဆိုတဲ့ ကာရိုက်တာနဲ့ လူပိုသိလာခဲ့တာဖြစ်ပြီး အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်ကားအပြင် အခြားသော ဇာတ်လမ်းတွဲတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဝိုင်းရွှေရည်က သူမရဲ့အစ်မကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပရိသတ်တွေဆင်ခြင်နိုင်ဖို့ မျှဝေပေးလာတာကို တွေ့ရပါတယ်။ ဝိုင်းရွှေရည်က “လုယက်မှု တွေ က တော်တော်ဆိုးနေတာပါနော်😓 ဒီနေ့ညနေ ပဲ မန္တလေးက ဝိုင်းအစ်မ ဆိုင်ကယ်မောင်းရင်း ဆိုင်ကယ်ဘေးက ကပ်လိုက်ပြီး ဖုန်းဖြတ်လုခံလိုက်ရတာပါ။ လုသွားတာလဲ ငယ်ငယ်ရွယ်ရွယ် ကောင်လေးနှစ်ယောက်ပါ။ လူဘာမှ ဖြစ်မသွားတာကိုပဲ တော်သေးတယ် ပြောရမယ့် ပုံပါ 😓 စိတ်ကတော့ လန့်ပြီးအတော်ကြောက်သွားရှာတာ😓 ခေတ်က ဘယ်သူ့ဘယ်သူမှကို တကယ်မယုံရတာပါနော်။ အပြင်ထွက်တာ လည်းဂရုစိုက်ကြပါ 😓 ကိုယ်မဖြစ်သေးလို့မပေါ့ကြပါနဲ့ ။ ကိုယ့်အန္တရာယ် ကိုယ်ပဲ ကာကွယ်ရမှာမို့ သတိရှိကြပါနော်😓” ဆိုပြီး မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ဝိုင်းရွှေရည်ကတော့ သူမရဲ့အစ်မကိုယ်တိုင် ကြုံခဲ့ရတဲ့အဖြစ်လေးကို မျှဝေပြီး ပရိသတ်တွေကို ဆင်ခြင်ပေးနိုင်ဖို့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပြင်သွားရင် ဂရုစိုက်ဖို့ ထပ်ပြီးသတိပေးပါရစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wyne Shwe Yee’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဆိုင္ကယ္စီးရင္း ဖုန္းလုခံခဲ့ရတဲ့ အစ္မျဖစ္သူရဲ႕အေၾကာင္းကို ပရိသတ္ေတြသတိထားဆင္ျခင္ႏိုင္ဖို႔ မွ်ေဝေပးလာတဲ့ ဝိုင္းေ႐ႊရည္

MRTV 4 သ႐ုပ္ေဆာင္ ဝိုင္းေ႐ႊရည္ကေတာ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း လူႀကိဳက္မ်ားလာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဝိုင္းေ႐ႊရည္ဟာ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ စိမ္း ဆိုတဲ့ ကာ႐ိုက္တာနဲ႔ လူပိုသိလာခဲ့တာျဖစ္ၿပီး အခုလက္ရွိထုတ္လႊင့္ျပသေနတဲ့ “သရဖူ” ဇာတ္ကားအျပင္ အျခားေသာ ဇာတ္လမ္းတြဲေတြမ်ားစြာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ဝိုင္းေ႐ႊရည္က သူမရဲ႕အစ္မကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ေလးတစ္ခုကို ပရိသတ္ေတြဆင္ျခင္ႏိုင္ဖို႔ မွ်ေဝေပးလာတာကို ေတြ႕ရပါတယ္။ ဝိုင္းေ႐ႊရည္က “လုယက္မႈ ေတြ က ေတာ္ေတာ္ဆိုးေနတာပါေနာ္😓 ဒီေန႔ညေန ပဲ မႏၲေလးက ဝိုင္းအစ္မ ဆိုင္ကယ္ေမာင္းရင္း ဆိုင္ကယ္ေဘးက ကပ္လိုက္ၿပီး ဖုန္းျဖတ္လုခံလိုက္ရတာပါ။ လုသြားတာလဲ ငယ္ငယ္႐ြယ္႐ြယ္ ေကာင္ေလးႏွစ္ေယာက္ပါ။ လူဘာမွ ျဖစ္မသြားတာကိုပဲ ေတာ္ေသးတယ္ ေျပာရမယ့္ ပုံပါ 😓 စိတ္ကေတာ့ လန႔္ၿပီးအေတာ္ေၾကာက္သြားရွာတာ😓 ေခတ္က ဘယ္သူ႔ဘယ္သူမွကို တကယ္မယုံရတာပါေနာ္။ အျပင္ထြက္တာ လည္းဂ႐ုစိုက္ၾကပါ 😓 ကိုယ္မျဖစ္ေသးလို႔မေပါ့ၾကပါနဲ႔ ။ ကိုယ့္အႏၲရာယ္ ကိုယ္ပဲ ကာကြယ္ရမွာမို႔ သတိရွိၾကပါေနာ္😓” ဆိုၿပီး မွ်ေဝေပးလာတာပဲျဖစ္ပါတယ္။

ဝိုင္းေ႐ႊရည္ကေတာ့ သူမရဲ႕အစ္မကိုယ္တိုင္ ႀကဳံခဲ့ရတဲ့အျဖစ္ေလးကို မွ်ေဝၿပီး ပရိသတ္ေတြကို ဆင္ျခင္ေပးႏိုင္ဖို႔ သတိေပးလာခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အျပင္သြားရင္ ဂ႐ုစိုက္ဖို႔ ထပ္ၿပီးသတိေပးပါရေစေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Wyne Shwe Yee’s fb

error: Alert: Content is protected !!