အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ်ကြီးလာပေမယ့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
လူစိတ်ဝင်စားခံရတဲ့ မင်းသမီးဆိုပေမယ့် ပရိသတ်တွေအပေါ်မှာ လျှို့ဝှက်ချက်မရှိတဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူ့ရဲ့ချစ်သူနဲ့အတူတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုမျှဝေရင်း “ကြီးရင်မှီငယ်ရင်ချီ တွေဘာတွေလာမလုပ်နဲ့ ငယ်ရင်လဲချီပဲ 🌝🌝🌝” ဆိုပြီး ပြောလာပါတယ်။
သင်ဇာဝင့်ကျော်ကတော့ သူမထက် အသက်ဆယ်နှစ်မကငယ်တဲ့သူကို ချစ်သူအဖြစ် ရွေးချယ်ထားပေမယ့် အချစ်နဲ့ပတ်သက်ပြီး ကြီးတာငယ်တာတွေကို ကန့်သတ်မထားတဲ့အကြောင်း သူမရဲ့ ခံယူချက်ကို ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Thin Zar Wint Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ဆယ်နှစ်ကျော်ငယ်တဲ့မောင်လေးကို ချစ်သူတော်ထားပေမယ့် အချစ်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေမထားကြောင်း ပြသလာတဲ့ သင်ဇာဝင့်ကျော်
Yolo