ဆယ်နှစ်ကျော်ကွာပေမယ့် သင်ဇာဝင့်ကျော်အပေါ် အရိပ်တကြည့်ကြည်နဲ့ချစ်တဲ့အကြောင်းပြောလာတဲ့ ရဲရင့်မိုး

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ နာမည်တစ်လုံးနဲ့ အောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်က အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ ပရိသတ်တွေအတွက်သာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

မကြာသေးခင်ကမှ ချစ်သူရှိနေပြီဖြစ်ကြောင်း ပရိသတ်ကို ပူပူနွေးနွေးချပြထားတဲ့ သင်ဇာဝင့်ကျော်ဟာ သူမတို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာအမှတ်တရတွေကို မျှဝေလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်ရဲ့ချစ်သူ ရဲရင့်မိုးက သင်ဇာနဲ့သူရဲ့ အမှတ်တရဓာတ်ပုံလေးကို My Day တင်ပြီး “Everytime I see u smile, I Fall in love all over again” ဆိုပြီး Ro လာခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ချစ်သူ ရဲရင့်မိုးကတော့ သင်ဇာဝင့်ကျော်ထက် အသက်ဆယ်နှစ်ကျော်ကွာပေမယ့် သင်ဇာ့အပေါ် ဘယ်လောက်တောင်ချစ်မြတ်နိုးလဲဆိုတာ သူ့ရဲ့လုပ်ရပ်တွေက သက်သေပါပဲ။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့စုံတွဲလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Thin Zar Wint Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Yolo

error: Alert: Content is protected !!