စောင့်နေကြတဲ့ပရိသတ်တွေအတွက် “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးမှာ ပြန်လည်မြင်တွေ့ခွင့်ရတော့မယ်ဆိုတဲ့ မေမြင့်မိုရ်

MRTV 4 မင်းသမီးလေးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတဲ့ မေမြင့်မိုရ်က အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးပေးနေလျက်ရှိပါတယ်။ “အရိပ်” ဇာတ်လမ်းတွဲပြီးကတည်းက ဇာတ်လမ်းတွဲတွေမှာ ပါဝင်လာခြင်းမရှိသေးတဲ့ မေမြင့်မိုရ်ရဲ့ ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

မေမြင့်မိုရ်၊ ကောင်းမြတ်စံနဲ့ အခြားသော သရုပ်ဆောင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးဟာ ဇူလိုင်လ ၂၂ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာမှသောကြာနေ့ ည ၇:၀၀ တွင် MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲမှာ မှုံနံသာဆိုတဲ့ မိန်းကလေးနေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

“ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာမို့ ပရိသတ်တွေအတွက် ဘဝအမောပြေစေမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ “ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးကို ဇူလိုင်လ ၂၂ရက် ည (၇) နာရီမှာ အားပေးစောင့်မျှော်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May Myint Mo ‘s fb

error: Alert: Content is protected !!