စိုးရိမ်ရတဲ့အခြေအနေရောက်နေပြီဖြစ်တဲ့ မာသထူးဝါးရဲ့မိခင်အတွက် ဝိုင်းဝန်းဆုတောင်းပေးဖို့ပြောလာတဲ့ စံပီး

ချစ်စရာကောင်းတဲ့အပြင် သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” ဆိုတဲ့ သီချင်းနဲ့ လူသိများလာခဲ့သူဖြစ်ပါတယ်။ မာသထူးဝါးဟာ လက်ရှိမှာတော့ သီချင်းတွေမဆိုနိုင်သေးပဲ ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတဲ့ သူမရဲ့မိခင်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တေးရေးစံပီးက မာသထူးဝါးမိခင်ကြီးရဲ့အခြေအနေကို “မာသထူးဝါး လေးရဲ့ မိခင် မမိုင်အတွက် အထူးဆုတောင်းပေးကြရအောင်နော်… အခြေနေအရတော့ စိုးရိမ်ရတဲ့အခြေနေဖြစ်နေလို့ပါ.. 🙏🙏🙏” ဆိုပြီး မာသထူးဝါးရဲ့မိခင်ကြီးအတွက် ဝိုင်းပြီးဆုတောင်းပေးဖို့ ပြောလာပါတယ်။

မာသထူးဝါးကတော့ ငယ်ငယ်ကတည်းက ဖခင်ကြီးကိုဆုံးရှုံးထားရတာဖြစ်ပြီး အခုမိခင်ကလည်း ကျန်းမာရေးအခြေအနေဆိုးရွားနေတာကြောင့် အရွယ်နဲ့မလိုက်အောင် ဝမ်းနည်းမှုတွေနဲ့တွေ့ကြုံခံစားနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးရဲ့မေမေအတွက် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sangpi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Sangpi’s fb

error: Alert: Content is protected !!