စိတ်ရောကိုယ်ပါ မကျန်းမာဖြစ်နေတဲ့ အဘွားအိုကို မေတ္တာတွေပို့ပေးပြီး ကြင်နာစွာထွေးပွေ့နေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို
နိုင်ငံကျော်သရုပ်ဆောင် ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် စကစရဲ့ ဖမ်းဆီအကျဉ်းချခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့မတ်လကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ပိုင်တံခွန်ဟာ ပြည်သူတွေဘက်ကပဲ အမြဲရှိနေပြီး တစ်ဖက်မှာလည်း သူလုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
လူလေးချောသလို စိတ်ထားလေးလည်း ဖြူစင်ရိုးသားတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာလည်း နေထိုင်မကောင်းဖြစ်နေတဲ့ အဘွားအိုးကို မေတ္တာတွေပို့ပေးနေခဲ့တဲ့ ဗီဒီယိုကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်က “မေတ္တာ က စွမ်းအားကြီးမား သလို အေးချမ်းမှု ရစေတယ်” ဆိုပြီး အခုလိုပဲ မျှဝေပေးလာခဲ့တာကို တွေ့ရပါတယ်။
ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အရမ်းတည်ငြိမ်ပြီး စိတ်ရင်းလေးကောင်းသူဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်