စိတ်တူကိုယ်တူရှိပြီး အမြဲတမ်းနံဘေးကနေ ဖေးမပေးနေတဲ့ ချစ်သူလေးမေဦးအတွက် ရိုးရိုးရှင်းရှင်းမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဟန်လင်း

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ဟန်လင်းနဲ့ မိတ်ကပ်ပညာရှင် မေဦးတို့ကတော့ LGBT စုံတွဲလေးအဖြစ် ပရိသတ်တွေကြား ရေပန်းစားသူတွေဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းတို့ဟာ ချစ်သူသမီးရည်းစားဆိုပေမယ့် လက်ထပ်ပြီးစုံတွဲတွေလို တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေအမြဲဖြည့်ဆည်ပေးပြီး သာယာတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် တောခိုခဲ့ပြီး အခုဆိုရင် အမေရိကန်ကိုနိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်ရှိနေတဲ့ မေဦးနဲ့ ဟန်လင်းတို့ဟာ အနုပညာအလုပ်တွေနဲ့တော့ အဆက်အသွယ်ပြတ်တောက်နေလျက်ရှိပြီပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၂၉) ရက်နေ့ကတော့ မေဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဟန်လင်းကတော့ နှစ်စဉ်နှစ်တိုင်းလိုလို မေဦးရဲ့မွေးနေ့မှာ အမှတ်တရတွေဖန်တီးပေးတတ်ပေမယ့် ဒီနှစ်မှာတော့ တိုင်းတစ်ပါးကိုရောက်ရှိနေတာမို့ နှစ်ယောက်တည်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဟန်လင်းကလည်း သူ့ရဲ့ချစ်သူ မေဦးကို “Happy birthday my piggy 🤍” ဆိုပြီး ရိုးရိုးရှင်းရှင်းပဲ မွေးနေ့ဆုတောင်းပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

မေဦးနဲ့ ဟန်လင်းကတော့ ချစ်သူသက်တမ်းတွေကြာမြင့်လာတာနဲ့အမျှ သံယောဇဉ်တွေ ခိုင်ခိုင်မာမာတိုးလာခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် မေဦးအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Lin’s fb

error: Alert: Content is protected !!