စိတ်တူကိုယ်တူရှိတဲ့ချစ်သူလေးနဲ့အတူ အတူတူဘုရားသွားကျောင်းတက် ကုသိုလ်တွေယူနေတဲ့ ပိုးမီ

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများလာခဲ့တဲ့ အဆိုတော်မလေး ပိုးမီကိုတော့ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ ပိုးမီဟာ သူမဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို လျှောက်လှမ်းရင်း တစ်ဖက်မှာလည်း သူမရဲ့နှလုံးသား အလိုကျအတိုင်း သူမမြတ်နိုးရတဲ့ ချစ်သူလေးနဲ့လည်း ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ပိုးမီရဲ့ချစ်သူကလည်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး ပိုးမီကလည်း သူမရဲ့ LGBT အချစ်ရေးလေးကို သိုဝှက်ထားခြင်းမရှိပဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီးဖြစ်ပါတယ်။

စိတ်တူကိုယ်တူချစ်သူလေးကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ ပိုးမီက ဒီကနေ့မှာလည်း သူမရဲ့ချစ်သူနဲ့ အတူတူ ဘုရားသွားကျောင်းတက်ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ ပိုးမီက “မင်္ဂလာရှိသော နေ့ရက်လေးမှာ ပြုသမျှ ကုသိုလ် ဝေမျှလိုက်ရပါတယ်ရှင့်။ သားအဖသုံးယောက် သန်လျင်မင်းတရားကြီး နန်းဆောင်သို့ ဆွမ်းကပ်လှူပူဇော်ပြီး နောက် မြစေတီဓမ္မရိပ်သာဆရာတော်ဘုရားရဲ့ ဖိတ်ကြားမှုနဲ့ .ပြွန်တန်ဆာမြို့မှာ တည်ထားကိုးကွယ်မည့် #ဗုဒ္ဓဘောဂဝတီအာကာစန္ဒာသူရိယ နဂါးရုံ ဘုရားကို သွားရောက်ဖူးမျှော်ခဲ့လှဒါန်းခဲ့ပါတယ် …နောက်ထပ်လှူဒါန်းနိုင်ဖို့လဲ အဓိဌာန်ပြုခဲ့ပါတယ်။ နတ် လူ သာဓုခေါ်စေသော်ဝ်🙏🙏🙏” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ပိုးမီတို့ချစ်သူနှစ်ယောက်ကတော့ အပျော်အပါးတွေထက် ကုသိုလ်ရေးနဲ့ ဘာသာရေးကို ပိုမိုပြီး လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးမီတို့ချစ်သူနှစ်ယောက်ကိုကြည့်ပြီး ကြည်နူးပီတိဖြစ်မိမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Mi ‘s fb

error: Alert: Content is protected !!