




Source:Paing Phyoe Thu ‘s fb

စိတ်ညစ်စရာတွေရှိရင် သူမကိုစိတ်ပြေလျော့စေတဲ့သူလေးတွေအကြောင်းကို ပြောပြလာခဲ့တဲ့ ပိုင်ဖြိုးသု

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ နုနုနယ်နယ်နေရမယ့် မင်းသမီးတစ်လက်ဖြစ်ပေမယ့် ပြည်သူ့ရဲဘော်တွေနဲ့အတူတူ လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနေသူတစ်ယောက်ပါပဲ။ တော်လှန်ရေးအတွက် နေအိမ်ကိုစွန့်ခွာပြီး ဘေးကင်းစိတ်ချရတဲ့နေရာမှာနေထိုင်နေရတဲ့ ပိုင်ဖြိုးသုဟာ စိတ်ပင်ပန်း စိတ်ညစ်စရာတွေလည်းရှိနေတတ်တာပဲဖြစ်ပါတယ်။

ဒါပေမယ့် သူမစိတ်ညစ်လာတဲ့အချိန်တိုင်းမှာ “နိုင်ငံပျောက်သူ” ဇာတ်လမ်းထဲက ခွေးလေး Latte နဲ့ဆုံရင်တော့ ပြေလျော့သွားတတ်ကြောင်းကို “Latte နဲ့ သူ့ညီမ Miloတို့အမွှေစိန်လုပ်သမျှ သူတို့ဖီဖီနဲ့မီမီပို့ပေးထားတဲ့ videoတွေ 😅စိတ်ညစ်ရင်သူတို့လေးတွေသွားကူထိန်းရင်း စိတ်ညစ်တာတွေအကုန်မေ့ပဲ…. မမေ့လို့လည်းမရဘူး သူတို့မွှေသမျှ”Latte, No!!!” “Milo, No!!!!” အော်ရင်းလိုက်ထိန်းရင်း စဉ်းစားချိန်ပါမရတော့တာ 😅” ဆိုပြီး Latte နဲ့ Milo ခွေးလေးနှစ်ကောင်ရဲ့ ဗီဒီယိုလေးတွေကိုပါ ပြသလာပါတယ်။

ပိုင်ဖြိုးသုကတော့ အရင်ကတည်းကတိရစ္ဆာန်လေးတွေကိုချစ်တတ်တာမို့ အခုလို အိမ်နဲ့အဝေးတစ်နေရာရောက်နေချိန်မှာ အနီးအနားကခွေးလေးတွေကို အဖော်ပြုရင်းနေထိုင်နေတာပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုတစ်ယောက် ဖြစ်ချင်တဲ့ပန်းတိုင်ဆီအမြန်ဆုံးရောက်ရှိပြီး အိမ်ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source:Paing Phyoe Thu ‘s fb

error: Alert: Content is protected !!