စိတ်ဆိုးပြီးဆူပူထားတဲ့မေမေ့ကို စိတ်ဆိုးပြေအောင် ပိုက်ဆံပန်းစည်းကြီးနဲ့ ချော့မော့ခဲ့တဲ့ ချမ်းမြေ့မောင်ချို

အဆိုတော်ကြီး အိအိရဲ့ သမီးရင်းဖြစ်သူ ချမ်းမြေ့မောင်ချိုကတော့ မိခင်ဖြစ်သူရဲ့ နာမည်ကို အသုံးချခြင်းမရှိပဲ သူမကိုယ်တိုင် Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်မှာတင် ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံကျော် အဆိုတော်မလေးတစ်ယောက်အဖြစ် အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ အောင်မြင်တဲ့ လမ်းကြောင်းအပေါ် ရောက်ရှိနေသူဖြစ်ပြီး မိဘတွေဂုဏ်ယူရအောင် ဂီတထူးချွန်ဆုတွေ များစွာကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းသလို မိဘတွေကိုလည်း အရမ်းချစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ဒီကနေ့မှာလည်း သူမရဲ့ မေမေ အိအိကို ပန်းစည်းလက်ဆောင်တစ်ခုပေးခဲ့တာပဲဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုရဲ့မေမေ အိအိက “သူ့ကို ဆူထားလို့..🥴😍” ဆိုပြီး စိတ်ဆိုးပြီးဆူပူထားတဲ့မေမေ့ကို စိတ်ဆိုးပြေအောင် ပိုက်ဆံပန်းစည်းကြီးနဲ့ ချော့မော့ခဲ့တဲ့ ချမ်းမြေ့မောင်ချိုအကြောင်းလေးကို ပြောပြလာပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့မေမေကို စိတ်ဆိုးပြေအောင် တစ်သောင်းတန်းတွေပါတဲ့ ပိုက်ဆံပန်းစည်းကြီးနဲ့ ချော့မော့ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုတို့ သားအမိနှစ်ယောက်ကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ei Ei’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Ei Ei’s fb

error: Alert: Content is protected !!