စိတ်ဆိုးနေတဲ့ပရိသတ်တွေကို ရွဲ့စောင်းခဲ့တဲ့အပြင် ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ထပ်မံစော်ကားလိုက်ပြန်တဲ့ ငြိမ်းသော်

မော်ဒယ်လ် သရုပ်ဆောင် ငြိမ်းသော်ကတော့ TomorrowLand ဂီတဖျော်ဖြေပွဲကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအလံကို အသုံးပြုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ငြိမ်းသော်က ပရိသတ်တွေအပြင် ပန်ဆယ်လို၊ မင်းမော်ကွန်း၊ ဟားငါးကောင်၊ နိုဗန်ထူး စသူတို့ဆီက ဝေဖန်ဆဲဆိုမှုတွေရရှိပြီးတဲ့နောက်မှာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်လည်ပြီးတောင်းပန်စာရေးသားခဲ့ပြီး “ပွဲသွားပြီးနောက်ရက်တွေ စိတ်ညစ်စွာနေနေပါတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။

ငြိမ်းသော်ကတော့ ပရိသတ်တွေမေ့လောက်တဲ့အချိန်တစ်ခုရောက်မှ စိတ်ပျက်စရာအပြုအမူတွေကို ထပ်မံပြုလုပ်လာခဲ့ပါတယ်။ ငြိမ်းသော်က နိုင်ငံခြားခရီးစဉ်က သူ့ရဲ့ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ခဲ့ပြီး “စိတ်ညစ်စွာဖြင့် ……😎😀🤍 ” ဆိုပြီး ရေးသားခဲ့ပြီး ပရိသတ်ဝေဖန်မှုတွေရရှိခဲ့မှ ဖေ့စ်ဘုတ်ကပ်ပရှင်ကို ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ 

ငြိမ်းသော်ကတော့ နိုင်ငံရေးကိစ္စတွေရှုပ်ထွေးနေချိန်မှာ ပြည်သူတွေကို အားနာသိတတ်မှုမရှိတာကြောင့် ဝေဖန်မှုရရှိခဲ့တာဖြစ်ပေမယ့် အခုတစ်ခါမှာလည်း စိတ်ဆိုးနေတဲ့ပရိသတ်တွေကို ရွဲ့စောင်းခဲ့တဲ့အပြင် ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ထပ်မံစော်ကားလိုက်ပြန်တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyein Thaw’s fb

error: Alert: Content is protected !!