“စမှတ်” ဇာတ်လမ်းလေးကြောင့် ငါးရက်အတွင်း တော်လှန်ရေးရန်ပုံငွေ သိန်း (၄၀၀၀) ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ

အဆိုတော်လင်းလင်း ဖန်တီးရိုက်ကူးပြီး သရုပ်ဆောင် ချစ်သုဝေနဲ့ ဒေါင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “စမှတ်” ဇာတ်ကားလေးဟာ လက်မှတ်နဲ့ရောင်းချပြီး ထိုရောင်းချရငွေကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သုံးစွဲနိုင်ဖို့ လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက “စမှတ်” ဇာတ်လမ်းလေးကြောင့် တစ်လလောက်ရှာရမယ့် ရန်ပုံငွေသိန်း (၄၀၀၀) ကို ငါးရက်အတွင်းရှာဖွေနိုင်ခဲ့ကြောင်း အခုလိုပဲပြောပြလာပါတယ်။

ချစ်သုဝေက “”စ”မှတ် .. ရှိသမျှလေးနဲ့ဖြစ်အောင်ဖန်တီးပုံဖော်ကြတယ်။ ရှိသမျှအားတွေနဲ့ တလငွေ ကိုရှာကြတယ်။ အခု ၅ရက်တာအတွင်း တလငွေ…သိန်းပေါင်း ၄၀၀၀  ရသွားအောင် အကြိုpremium ticketဝယ်ယူအားပေးကြတဲ့ ပြည်သူ့အားကို အမှီလိုက်ဖို့ စ မှတ် team ၁ခုလုံး သူ့တာဝန်နဲ့သူ နေ့မနား ညမအိပ်ကြိုးစားခဲ့ကြတယ်  🎬📣premium ticket  ပထမရုံတင်ရက် လက်မှတ်မရလိုက်သူတွေအားလုံးအတွက်  ဝယ်ရတာ လွယ်ကူအောင်သေချာထပ်မံပြင်ဆင်ပြီး ပြန်လည်ရောင်းချမယ့်ရက်ကို ကြေငြာပေးသွားပါမယ်နော်💪💪💪 ဒီနေ့… “သမိုင်း”  ဆိုတာ ” ဒီနေ့ ” ကိုပြောတာ “အနာဂတ်” ဆိုတာ ” ဒီနေ့ ” ကိုပြောတာ အကြမ်းဖက်အာဏာရှင်မပြိုလဲသေးသရွေ့ “ဒီနေ့” တိုင်းဟာ တော်လှန်ရေးရဲ့ ” စ”မှတ်ပဲ✊” ဆိုပြီး ပီတိတွေနဲ့ ပြောလာပါတယ်။

ပရိသတ်ပြည်သူတွေကလည်း စမှတ်အတွက် လက်မှတ်တွေတခဲနက်ဝယ်ယူအားပေးခဲ့သလို စမှတ်အဖွဲ့သားတွေအားလုံးကလည်း သူ့တာဝန်နဲ့သူ နေ့မနား ညမအိပ်ကြိုးစားခဲ့တယ်လို့ ချစ်သုဝေက ဆိုပါတယ်။ ပြည်သူတွေရဲ့အင်အားကတော့ တကယ့်ကိုကြောက်ခမန်းလိလိပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chit Thu Wai ‘s fb

error: Alert: Content is protected !!