စမိုင်းလ်နဲ့ ညီအစ်မရင်းလို ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် စမိုင်းလ်ကို ဝေဖန်စရာအကြောင်းမရှိပါဘူးဆိုတဲ့ ပိုင်တံခွန်ရဲ့ ချစ်သူ

မြန်မာနိုင်ငံက မင်းသမီး စမိုင်းလ်ဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ (၁၆.၇) သန်းတန် နေအိမ်ကြီးဝယ်ယူလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဂယက်ထနေသလို အနုပညာလောကမှာလည်း လူပြောများနေတာပဲဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကလည်း သူ့ရဲ့အင်စတာဂရမ် Story မှာ “16.7 Million ရန်ကုန်မြို့ထဲမှာသုံးရင် ပြည်လမ်းမှာ ၁ ဧက မပြည့်တပပြည့်မြေကွက်အလွတ်ပဲရမယ်” ဆိုပြီး ရေးသားခဲ့တာကြောင့် သတင်းတွေမှာ စမိုင်းလ်တို့ကို ခနဲ့တယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသတင်းတွေအတွက် ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးက “လူတွေကလည်း စိတ်ပျက်ဖို့ တကယ်ကောင်းနေပြီ။ မင်းသမီးစမိုင်းလ်ဆိုတာ ကိုရဲ့ အမအရင်းလို ခင်တဲ့သူ။ သူများနိုင်ငံမှာဆို အခုလို ငွေပမာဏနဲ့ တန်ရာတန်ကြေးအကောင်းဆုံးတွေရတာ ဝမ်းသာလို့ရေးတာ။ ဒီမြန်မာနိုင်ငံမှာဆို ဒီငွေပမာဏနဲ့ မတန်မရာ ငွေတွေဖောင်းပွပြီး အခုလိုကောင်းတာတွေမရဘူးလို့ပြောချင်တာ။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ” ဆိုပြီး ဒီကနေ့ သူမရဲ့ အင်စတာဂရမ် Story မှာ ရေးသားဖြေရှင်းလာပါတယ်။

ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကတော့ သူမနဲ့ စမိုင်းလ်တို့ဇနီးမောင်နှံဟာ အပြင်မှာလည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် စမိုင်းလ်တို့ ဒီလိုငွေကြေးနဲ့ ဒီလိုအိမ်မျိုးရတာကို ဝမ်းသာလို့ရေးထားတာဖြစ်တယ်လို့ ဖြေရှင်းလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Smile Lmp’s fb

error: Alert: Content is protected !!