





 

စစ်အာဏာရှင်လက်ထက်မှာ ဆယ်တန်းအောင်ပြီးပျော်နေရှာတဲ့ကလေးတွေရဲ့ အနာဂတ်ကိုပြောပြလာတဲ့ မူးလာ

အဆိုတော်မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မူးလာဟာ လက်ရှိမှာတော့ သူ့ရဲ့ဝါသနာကို စွန့်လွှတ်ထားပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။ မူးလာကတော့ တရားမှုကိုမြတ်နိုးပြီး တရားသောအမူအကျင့်ရှိသူတွေကို ချီးမြှောက်ကာ မတရားမှန်းသိရက်နဲ့ မတရားမှုပြုလုပ်နေသူတွေကို ရှုံချတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၁၇) ရက်နေ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေထွက်တဲ့နေ့မှာတော့ မူးလာဟာ စစ်အာဏာရှင်လက်ထက်မှာ ဆယ်တန်းအောင်ပြီးပျော်နေရှာတဲ့ကလေးတွေရဲ့ အနာဂတ်ကိုပြောပြလာပါတယ်။ မူးလာက “စောက်ခလေးတွေ ဆယ်တန်းကို မတတ်ပဲအောင်ပြီးပျော်နေရှာတယ်။ အနာဂတ်မှာ ကျွန်ဇာတ်သွင်းခံနေရတာကို မသိရှာဘူး😂” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

မူးလာကတော့ စစ်အာဏာရှင်လက်ထက်မှာ ကျောင်းတက်ပြီး စစ်မှန်တဲ့အရည်အချင်းမဟုတ်ပဲ အောင်မြင်လာတဲ့ ကလေးတွေကို အနာဂတ်မှာ ကျွန်ဇာတ်သွင်းခံရမယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ မူးလာကတော့ သူပြောချင်တာကိုပြောဖို့ကို လုံးဝပြတ်သားတာပဲနော် ပရိသတ်ကြီးရေ…

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Saw Chris Mooler-မူးလာ ‘s fb

error: Alert: Content is protected !!