စစ်အာဏာရှင်တွေကို တော်လှန်ရင်း တိုက်ပွဲကျသွားခဲ့တဲ့ သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့ မိုင်းမိုင်ဆိုင်

ထူးခြားတဲ့ အသံပါဝင်ရှင် မိုင်းမိုင်ဆိုင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့သူဖြစ်ပါတယ်။ မိုင်းမိုင်ဆိုင်ဟာ ကချင်တိုင်းရင်းသူတစ်ယောက်ပီပီ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ သူမတို့ရဲ့ ကချင်တပ်မတော်ကနေတဆင့် အာဏာရှင်လက်ပါးစေတွေကို တိုက်ခိုက်ဖို့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုင်းမိုင်ဆိုင်က စစ်အာဏာရှင်တွေကို တော်လှန်ရင်း တိုက်ပွဲကျသွားခဲ့တဲ့ သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့ အကြောင်းကို ပြောလာပါတယ်။  

မိုင်းမိုင်ဆိုင်က “ဒီနေ့ သူငယ်ချင်းလေးအတွက်ဆုတောင်းပွဲ အစီစဉ် နောက်လ ဒီဇင်ဘာ (၇) ရက် က သူ့မွေးနေ့ 😥 သူ့မွေးနေ့မှာ သူနေတဲ့ရွာ တစ်ရွာလုံးကို ဒံပေါက် ကျွေးမယ်လို့ ပြောထားတယ် တဲ့။ အခုတော့သူမရှိတော့ဘူး😥 သူ့မွေးနေ့မှာ ရက်လည် လုပ်ဖို့ အခြေနေဖြစ်လာခဲ့တယ်။ သူ့ ဆန္ဒ အတိုင်း သူ့မွေးနေ့ရက် ရက်လည်လုပ်မဲ့နေ့မှာ ဒံပေါက်ကျွေးဖို့ စီစဉ်ထားပါတယ်/ အလှူငွေတော့မပြည့်သေးပါဘူး။ ဒါကြောင့် လှိုင်ဝင်းကို ချစ်တယ် သူ့ဆန္ဒဖြည့်ပေးချင်တယ် ဆိုရင် သူ့မွေးနေ့ရက်မှာ ရွာတစ်ရွာလုံးကိုဒံပေါက်ကျွေးဖို့ အားဖြည့်ကူပေးကြဖို့ တောင်းဆိုပါတယ်နော် 😥🙏” ဆိုပြီး ပြောလာပါတယ်။

မိုင်းမိုင်ဆိုင်ကတော့ အတူတူနေ အတူတူစားသောက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူမရဲ့အင်အားနဲ့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ရဲဘော်လှိုင်ဝင်းလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Mai Mai Seng’s fb

error: Alert: Content is protected !!