စစ်တပ်အသိုင်းအဝိုင်းကမဟုတ်ပဲ သူမရဲ့ချစ်သူဟာ အပြင်လူတစ်ယောက်ဖြစ်ကြောင်းဖြေရှင်းလာတဲ့ အေးမြတ်သူ
အေးမြတ်သူကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး အခုဆိုရင် အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးဆွတ်ခူးနိုင်ပြီးမှ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ အေးမြတ်သူဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို တစွန်းတစချပြလေ့ရှိသူတစ်ယောက်ပါပဲ။ အေးမြတ်သူကလည်း သူမရဲ့ဖြစ်တည်မှုအပေါ် ပရိသတ်တွေအားလုံးသိရအောင် မချွင်းမချန်ချပြလေ့ရှိတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း အေးမြတ်သူက သူမတို့ချစ်သူနှစ်ယောက်ရဲ့ ချစ်ကြည်နူးစရာဓာတ်ပုံတစ်ပုံကို ချပြလာပါတယ်။ အေးမြတ်သူက သူမရဲ့ပေါင်ပေါ်မှာ ချစ်သူကိုမှေးစက်စေနေတဲ့ဓာတ်ပုံလေးကို ချပြပြီး “We 🖤” ဆိုပြီး လူသိရှင်ကြားအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အေးမြတ်သူတို့ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။
အေးမြတ်သူရဲ့ချစ်သူကတော့ စစ်တပ်အသိုင်းအဝိုင်းက အရာရှိတစ်ယောက်ဖြစ်တယ်ဆိုပြီး ကောလဟာလတွေထွက်ပေါ်ခဲ့ဖူးသလို အေးမြတ်သူကတော့ သူမချစ်သူအနေနဲ့ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျပြောဆိုခြင်းမရှိသေးပါဘူး။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aye Myat Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
အေးမြတ်သူရဲ့ချစ်သူကတော့ စစ်တပ်အသိုင်းအဝိုင်းက အရာရှိတစ်ယောက်ဖြစ်တယ်ဆိုပြီး ကောလဟာလတွေထွက်ပေါ်ခဲ့ဖူးသလို အေးမြတ်သူကလည်း သူမရဲ့ Story မှာ “ဘာတွေဖြစ်ချင်နေတာလည်း မေးပေးကြပါဦး.. ဒီအဆင်နဲ့ ဒီအဆင်ကို အတင်းတွေ ဇွတ်တူခိုင်း… “ဆိုပြီး သူမရဲ့ချစ်သူဟာ အရင်သတင်းထွက်ဖူးတဲ့သူမဟုတ်ပဲ တခြားတစ်ယောက်ဆိုတာကို အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။
Source: Aye Myat Thu’s fb