စစ်တပ်အနွယ်ဝင် သက်ရှိသက်မဲ့အားလုံးကို နင်းချေရမယ့်အလုပ် နဲနဲမှလျှော့လို့မရဘူးလို့ သတိပေးလာတဲ့ လင်းလင်းနဲ့ ချစ်သုဝေ
အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ကတော့ သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြသလို စိတ်တူကိုယ်တူရှိကြတဲ့ စံပြဇနီးမောင်နှံပါပဲ။ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ထောက်ခံအားပေးသူတွေဖြစ်ပြီး လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေဘက်မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်ခဲ့ကြသူတွေဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၂၅) ရက်နေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ တော်လှန်ရေးသူရဲကောင်းကြီးဇေယျာသော်ကျဆုံးသွားခြင်းနဲ့ပတ်သက်ပြီး တော်လှန်ရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်ဖို့ ပြောလာတာကို တွေ့ရပါတယ်။
ချစ်သုဝေက “”ခန္ဓာရဲ့အသက် တစ်ခါပဲရှုံး ရမယ်။ လူဖြစ်ခြင်းအမြတ် အရှက် နဲ့သိက္ခာ မလုံရင်အမြဲရှုံးတယ်”။ အကြိမ်ကြိမ်သေ အခါခါရှုံးနေလိုက်ကြစမ်း🤬🤬🤬🤬🤬ေ အး ငါတို့ရင်ထဲက သူရဲကောင်းအသက်တွေက အခါခါရှင်သန် နေဆဲ၊ နေမြဲ၊ နေဦးမှာပဲ🖤🖤🖤” ဆိုပြီး သူမရဲ့ ခံယူချက်ကို ပြောလာပါတယ်။
လင်းလင်းကလည်း “လူ့အသိုင်းအဝိုင်းကနေ ပြတ်ပြတ်သားသား ဖယ်ခွါဆန့်ကျင်ရမယ့် အ ကြမ်း ဖက်စစ်တပ်အနွယ်ဝင် သက်ရှိသက်မဲ့အားလုံးကို နင်းချေရမယ့်အလုပ် နဲနဲမှလျှော့လို့မရဘူး။ ရှိရင်းစွဲ စုစည်းမှုတွေကိုလဲ အရော့ခံလို့မဖြစ်ဘူး။ ကိုယ့်တော်လှန်ရေးဝတ်ရုံခြုံပြီး ကိုယ်ကျိုးရှာနေတဲ့ ‘လောက်’ တွေအပေါ်လဲ အားကိုးစရာ ဘာစောက်ကြောင်းမှမရှိဘူး။
လူထုအပေါ်မျက်နှာမူတဲ့ တရား ရိုးရိုးသားသားဖြန့်ခင်းထားရင် ဘယ်နိုင်ငံရေး ဘယ်တော်လှန်ရေးမှ ဇာတ်ရှုပ်စရာ အကြောင်းစိုးစိမျှမရှိဘူး။ ရှိစုမဲ့စု အသပြာနဲ့ နားကပ်ချွတ်ထည့်တဲ့ မြင်ကွင်းတွေက ဝမ်းနည်းပီတိဖြစ်ရုံသက်သက် အလှ ရိုက်ပြထားတဲ့ မှတ်တမ်းတွေလဲမဟုတ်ဘူး။ တရားသောတော်လှန်ရေးအတွက် ဘဝပဲ့သွားတဲ့မိသားစုတွေ၊ အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာတွေဟာ ကျုပ်တို့လူစုံရင် ပြောစရာရှိအောင်ထားခဲ့တဲ့ အမြည်းတွေမဟုတ်ဘူး။ အောင်စိတ်ထဲမှာ သေတဲ့အထိထည့်သွားရမယ့် ကဗ္ဗည်းတွေ။ click လား။ ထောက်ပို့လား။ မြေပြင်လား။ တော်လှန်စိတ်ကိုမြဲမြံ၊ ကျုပ်တို့တွေကြား တန်ဖိုးထားပြီးခြောက်တဲ့လူတွေကိုရော ပေါင်းပြီးခြောက်တဲ့ ပုဂ္ဂိုလ်တွေကိုရော မခြောက်ခင်ကကြောက်ပြတဲ့လူတွေကိုရော အားလုံးကို ဉာဏ်ရှိရှိနဲ့ အပြီးလှန်ရမယ့်ပွဲ။” ဆိုပြီး ပြောလာပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ သမီးလေးတွေတစ်ဖက်နဲ့ မြေပြင်ထိဆင်းပြီး တော်လှန်ရေးမှာမပါဝင်နိုင်ပေမယ့် သူတို့တတ်နိုင်တဲ့ဘက်ကနေ အမြဲတမ်းအားဖြည့်ပေးနေတာပဲဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးလည်း ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chit Thu Wai ‘s fb
စစ်တပ်အနွယ်ဝင် သက်ရှိသက်မဲ့အားလုံးကို နင်းချေရမယ့်အလုပ် နဲနဲမှလျှော့လို့မရဘူးလို့ သတိပေးလာတဲ့ လင်းလင်းနဲ့ ချစ်သုဝေ
အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ကတော့ သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြသလို စိတ်တူကိုယ်တူရှိကြတဲ့ စံပြဇနီးမောင်နှံပါပဲ။ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ထောက်ခံအားပေးသူတွေဖြစ်ပြီး လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေဘက်မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်ခဲ့ကြသူတွေဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၂၅) ရက်နေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ တော်လှန်ရေးသူရဲကောင်းကြီးဇေယျာသော်ကျဆုံးသွားခြင်းနဲ့ပတ်သက်ပြီး တော်လှန်ရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်ဖို့ ပြောလာတာကို တွေ့ရပါတယ်။
ချစ်သုဝေက “”ခန္ဓာရဲ့အသက် တစ်ခါပဲရှုံး ရမယ်။ လူဖြစ်ခြင်းအမြတ် အရှက် နဲ့သိက္ခာ မလုံရင်အမြဲရှုံးတယ်”။ အကြိမ်ကြိမ်သေ အခါခါရှုံးနေလိုက်ကြစမ်း🤬🤬🤬🤬🤬ေ အး ငါတို့ရင်ထဲက သူရဲကောင်းအသက်တွေက အခါခါရှင်သန် နေဆဲ၊ နေမြဲ၊ နေဦးမှာပဲ🖤🖤🖤” ဆိုပြီး သူမရဲ့ ခံယူချက်ကို ပြောလာပါတယ်။
လင်းလင်းကလည်း “လူ့အသိုင်းအဝိုင်းကနေ ပြတ်ပြတ်သားသား ဖယ်ခွါဆန့်ကျင်ရမယ့် အ ကြမ်း ဖက်စစ်တပ်အနွယ်ဝင် သက်ရှိသက်မဲ့အားလုံးကို နင်းချေရမယ့်အလုပ် နဲနဲမှလျှော့လို့မရဘူး။ ရှိရင်းစွဲ စုစည်းမှုတွေကိုလဲ အရော့ခံလို့မဖြစ်ဘူး။ ကိုယ့်တော်လှန်ရေးဝတ်ရုံခြုံပြီး ကိုယ်ကျိုးရှာနေတဲ့ ‘လောက်’ တွေအပေါ်လဲ အားကိုးစရာ ဘာစောက်ကြောင်းမှမရှိဘူး။ လူထုအပေါ်မျက်နှာမူတဲ့ တရား ရိုးရိုးသားသားဖြန့်ခင်းထားရင် ဘယ်နိုင်ငံရေး ဘယ်တော်လှန်ရေးမှ ဇာတ်ရှုပ်စရာ အကြောင်းစိုးစိမျှမရှိဘူး။ ရှိစုမဲ့စု အသပြာနဲ့ နားကပ်ချွတ်ထည့်တဲ့ မြင်ကွင်းတွေက ဝမ်းနည်းပီတိဖြစ်ရုံသက်သက် အလှ ရိုက်ပြထားတဲ့ မှတ်တမ်းတွေလဲမဟုတ်ဘူး။ တရားသောတော်လှန်ရေးအတွက် ဘဝပဲ့သွားတဲ့မိသားစုတွေ၊ အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာတွေဟာ ကျုပ်တို့လူစုံရင် ပြောစရာရှိအောင်ထားခဲ့တဲ့ အမြည်းတွေမဟုတ်ဘူး။ အောင်စိတ်ထဲမှာ သေတဲ့အထိထည့်သွားရမယ့် ကဗ္ဗည်းတွေ။ click လား။ ထောက်ပို့လား။ မြေပြင်လား။ တော်လှန်စိတ်ကိုမြဲမြံ၊ ကျုပ်တို့တွေကြား တန်ဖိုးထားပြီးခြောက်တဲ့လူတွေကိုရော ပေါင်းပြီးခြောက်တဲ့ ပုဂ္ဂိုလ်တွေကိုရော မခြောက်ခင်ကကြောက်ပြတဲ့လူတွေကိုရော အားလုံးကို ဉာဏ်ရှိရှိနဲ့ အပြီးလှန်ရမယ့်ပွဲ။” ဆိုပြီး ပြောလာပါတယ်။