စစ်တပ်ပိုင်ပစ္စည်းများကို ကြေငြာပေးနေတဲ့ ရဲလေးအပါအဝင် သရုပ်ဆောင်တွေအားလုံးကို သရော်လိုက်တဲ့ မင်းမော်ကွန်း
သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်လူနည်းစုထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် သူပိုင်တဲ့စည်းစိမ်၊ မိသားစု၊ အိုးအိမ်၊ အလုပ်အကိုင်စတာတွေကို ဆုံးရှုံးခဲ့ပေမယ့် ရပ်တည်မှုကိုပြောင်းလဲသွားခြင်းမရှိပဲ သူယုံကြည်ရာလမ်းတစ်ခုကို တစိုက်မတ်မတ်လျှောက်လှမ်းနေခဲ့တာပဲဖြစ်ပါတယ်။ နာမည်ကြီးထိပ်တန်းမင်းသားတစ်ယောက်ဖြစ်သလို အနုပညာအသိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနှီးပြီးသား မင်းမော်ကွန်းဟာ ဒီကနေ့မှာတော့ စစ်တပ်ပိုင်ပစ္စည်းများကို ကြေငြာပေးနေတဲ့ သရုပ်ဆောင်တွေကို ဝေဖန်လာခဲ့တာကို တွေ့ရပါတယ်။
မင်းမော်ကွန်းက စစ်တပ်ပိုင် တယ်လီဖုန်းအော်ပရေတာဖြစ်တဲ့ ATOM အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ ရဲလေး၊ မေမြင့်မိုရ်၊ ကောင်းမြတ်စံ၊ ဧငြိမ်းဖြူ၊ ယွန်းမြတ်သူနဲ့ ကျော်မင်းဦးတို့ရဲ့ ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ကာ “စပါပြီ ဘာပုဂ္ဂိုလ်ရေးမှမပါ ပါဘူး။ စစ်တပ်ပိုင် ပစ္စည်းများကိုကြေငြာပေးနေတဲ့ ကျွန်တော့် ရဲ့မိတ်ဆွေဟောင်းများကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ စစ်ဖိနပ်အောက်ဆက်ပျော်ကြပါစေ။ Post ဖျက်ပေးဖို့လုံးဝလုံးဝအစီအစဉ်မရှိပါ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
မင်းမော်ကွန်းဟာ သူနဲ့ နှင်းဆီအငြိမ့်မှာ နှစ်ပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ဖူးတဲ့ ရဲလေးအပါအဝင် အခြားသော အနုပညာရှင် ဆယ်လီဘရစ်တီတွေကို ပုဂ္ဂိုလ်ရေးမပါပဲ စစ်ဖိနပ်အောက်မှာ ဆက်ပျော်နိုင်ပါစေဆိုပြီး သရော်ခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Kyaw Kyaw Htay Lwin’s fb