စစ်တပ်ပိုင်ကုန်ပစ္စည်းမှန်းမသိပဲ ကြော်ငြာမိခဲ့တဲ့ ပေါ့လျော့မှုအတွက် ပရိသတ်တွေကို တောင်းပန်လာခဲ့တဲ့ ဧငြိမ်းဖြူ

မော်ဒယ်လ်၊ သရုပ်ဆောင် ဧငြိမ်းဖြူကတော့ ကက်ဆက်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ရသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဧငြိမ်းဖြူဟာ စစ်တပ်ပိုင် ATOM အော်ပရေတာအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာကြောင့် မင်းမော်ကွန်းနဲ့တကွ ပရိသတ်တွေအားလုံးရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဧငြိမ်းဖြူက သူမရဲ့ကြော်ငြာပို့စ်ကိုပြန်ဖျက်ပေးပြီး ပရိသတ်တွေကိုလည်း အခုလိုပဲ တောင်းပန်စကားဆိုလာပါတယ်။

ဧငြိမ်းဖြူက “A ဒီအခြေအနေတွေစကတည်းက ဘာတွေဘယ်လိုလုပ်ခဲ့လဲ A ပရိသတ်တွေအသိဆုံးပါရှင်.. အလုပ်လက်ခံမိတာမှာ ပေါ့လျော့ခဲ့တဲ့ A အပြစ်ပါ။ နောက်ဘယ်တော့မှ ထပ်မဖြစ်စေရတော့ပါဘူး။ ဘယ်လိုပြဿနာမျိုးမှမဖြစ်အောင်လည်း နေခဲ့တာပါ။ A သူတို့နဲ့ မပတ်သက်သူပါ။ တကယ်တောင်းပန်ပါတယ်။ A မှားသွားပါတယ်။ စိတ်ရင်းနဲ့တောင်းပန်တာပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြန်လည်တောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။

ဧငြိမ်းဖြူကတော့ အလုပ်လက်ခံတဲ့နေရာမှာ ပေါ့လျော့မိတဲ့အတွက် ပရိသတ်တွေကို စိတ်ရင်းနဲ့ တောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဒီလို ဘယ်တော့မှထပ်မဖြစ်စေရတော့ပါဘူးလို့လည်း ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: A Nyein Phyu’s fb

error: Alert: Content is protected !!