စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့အကြိုပဒေသာကပွဲပြဇာတ်မှာ ပါဝင်ခဲ့ကြတဲ့ စိုးမြတ်သူဇာ၊ မေသန်းနု၊ ရန်အောင်၊ ရဲအောင် နဲ့ မေသဉ္ဇာဦး

မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ နေပြည်တော်၊မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံမှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပဒေသာကပွဲ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပဒေသာကပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်းတက်ရောက်ခဲ့ပြီး အနုပညာရှင်တွေကလည်း အဆိုပါ ဖျော်ဖြေပွဲမှာ ဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။

ထိုပဒေသာကပွဲတွင် ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်း တို့တာ ဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေးနေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီ သုံးပန်လှ(အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်၊သန်းမြတ်စိုး၊ရွှေထိုက်တို့က သီဆိုဖျော်ဖြေခဲ့ကြကာ “ပျော်ရွှင်ခြင်းအိမ်”ပြဇာတ်မှာတော့ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မုဏ်း၊ ငြိမ်းချမ်း၊ ဒိန်းဒေါင်၊ စိုးသီဟ၊ နွဲ့နွဲ့စန်းနှင့် အမေများအဖွဲ့၊ MRTV4 Presenter ဟောင်း တေဇာကျော်၊ မေသင်းကိုတို့က ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ အချို့သောအနုပညာရှင်တွေက ရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်ခဲ့ပြီး အချို့ကလည်း တောခိုခဲ့ကြသလို စစ်တပ်ထောက်ခံသူ သရုပ်ဆောင်တွေကတော့ အယောင်ဆောင်ဆန္ဒပြခဲ့ပြီး ရပ်တည်ချက်တွေဟာလည်း သိသာထင်ရှားစွာပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: MRTV’s fb

error: Alert: Content is protected !!