ငွေလိမ်သွားတဲ့ အဆိုတော်နဲ့ပတ်သက်ပြီး သေသွားပြီးသားရေမွန်ကိုပါထည့်ပြီး ဝေဖန်နေကြသူတွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ လပြည့်ကဗျာ

အဆိုတော် ရေမွန်ကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ပြည်သူတင်ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ မတရားအာဏာလုယူခံရပြီးကတည်းက စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။စကစကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့တဲ့ ရေမွန်ဟာ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ကျန်းမာရေးကြောင့် အဝေးတစ်နေရာမှာပဲ ကွယ်လွန်သွားခဲ့ပြီး အခုဆိုရင် ရေမွန်ကွယ်လွန်သွားခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဆိုပေမယ့် ဝေဖန်မှုတွေကို ကြုံကြိုက်နေရသေးတဲ့ ရေမွန်ဟာ ဒီကနေ့မှာလည်း ငွေလိမ်သွားတဲ့ အဆိုတော်ရဲ့ သတင်းနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတယ်လို့ ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပြောလာပါတယ်။ အဆိုပါ သခင်ထွန်းဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ဟာ “ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ပြသနာက ဘာလဲဆိုတော့ ပုဂ္ဂိုလ်ရေး၊ ကိုးကွယ်ချင်တဲ့ ပြသနာပဲ။ အနုပညာရှင် ဆိုတဲ့ သူတွေနဲ့ ပတ်သက်လာရင် ပိုဆိုးတယ်။ သူတို့မတွေးမိတာက အနုပညာရှင်/သရုပ်ဆောင်ဆိုတာ နဂိုကတည်းက ကိုယ်တွေကို သဘောကျအောင် စိတ်ထဲကပါသည်ဖြစ်စေ။ မပါသည်ဖြစ်စေ ပရိတ်သတ် သဘောကျအောင် သရုပ်ဆောင်နေကြတာကိုပဲ။ ဥပမာ သေသွားတဲ့ အဆိုတော်တစ်ယောက် ကျနော်ဆို ဒီတော်လှန်ရေး ကာလမှာ သေသွားလို့သာ သူဘယ်သူလဲ ဘယ်သူဘယ်ဝါရဲ့သားလဲဆိုတာ သိတာ သူတင်ကိုယ်တင် ပစ်ပြီးကျဆုံးတာလဲ မဟုတ် နေမကောင်းဖြစ်ပြီး နံလံထကာလမှာ အရက်သောက်ပြီးသေတာ။ ဒါလဲ ကျနော်တို့ ပြည်သူတွေ အတွက် သူရဲကောင်းပဲ။ ဒါကလဲ ဟိုတစ်လောက တော်လှန်ရေးမှာ ရဲရဲတောက်ပါတယ်ဆိုတဲ့ ကိုယ့် Fri တွေ တစ်နှစ်ပြည့်ဆိုပြီး တစ်ခုတ်တရတင်ထားလို့ ရီချင်လို့ အမှတ်ပြန်ရတာ…😄😄😄” စသဖြင့် ရေးသားခဲ့တာဖြစ်ပါတယ်။

ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာကတော့ သေပြီးသားသူအပေါ်ကိုတောင် အခုလို ဝေဖန်ရှုံ့ချနေတဲ့အတွက် “အော် ကိုတွတ်လဲ အေးဆေးမနေရပါလား သခင်ထွန်းရယ်😅ဟိုမှာ ဘယ်လောက် ငတ်ခဲ့သလဲ ဘယ်လောက်နေမကောင်းတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့လဲဆိုတာ သူကိုယ်တိုင်လဲ အဲ့နေရာကိုရောက်နေတာပဲ သိမှာပါ။ a thet ၁ခုလုံးတောင် ရင်းပီးထွက်သွားခဲ့တာကို ဘာတွေများထပ်မျှော်လင့်နေလဲမသိဘူး။ လိမ်ရင်လိမ်တဲ့သူကို ဒဲ့မပြောဘူး။ မဆိုင်တဲ့သူတွေပတ်ရမ်းနေတာ” ဆိုပြီး စိတ်မကောင်းစွာနဲ့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးလာတာပဲဖြစ်ပါတယ်။ ဘယ်သူတွေဘယ်လောက်ရေးရေး ရေမွန့်ကိုချစ်တဲ့ ပရိသတ်တွေကတော့ ရေမွန့်ရဲ့ခံယူချက်ကို လေးစားပြီးသားပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar’s fb

error: Alert: Content is protected !!