ငွေကြေးပုံအောမပေးနိုင်ပေမယ့် မိန်းမအတွက် အကြင်နာမေတ္တာတွေ ပုံအောပေးနိုင်တဲ့ သားဂန်းအကြောင်းပြောပြလာတဲ့ ဘေဘီမောင်
သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတွယ်တာတာကြောင့် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ အခုဆိုရင် သူတို့ရဲ့ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပြီး သမီးလေးအတွက် နှစ်ယောက်သား အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဘေဘီမောင်က သူမရဲ့ ချစ်စရာကောင်းတဲ့ ခင်ပွန်းသည်သားဂန်းအကြောင်းကို ကြင်နာစွာပြောလာခဲ့တာကို တွေ့ရပါတယ်။ “ကိုယ့်ထက်အသက်ငယ်ပေမယ့် ရင့်ကျက်တည်ကြည်ပြီးရိုးသားဖြောင့်မတ်သောယောကျာၤး❤️ ငွေကြေးပုံမပေးနိုင်ပေမယ့် အကြင်နာ မေတ္တာ အချစ် သစ္စာတွေပုံအောပေးတဲ့ယောင်္ကျး❤️ မိန်းမအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေချိန်မှာလည်း
နောက်ကွယ်ကနေ ပုံပိုးကူညီပြီးအားကိုးရတဲ့ယောကျာၤး❤️ ဘဝအတွက်လေ့လာသင်ယူစရာပညာရပ်တွေကိုလည်းမိန်းမနဲ့အတူတူသင်ယူလေ့လာပေးတဲ့ယောကျာၤး❤️ ဆက်ရေးရင်စာအုပ်တစ်အုပ်စာလောက်ရှိလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်📝📒😁❤️ အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှု့ဘာနဲ့မှမလဲနိုင်🥰 ချစ်တယ်ဖေဖေဂန်း🙏🏻😘” ဆိုပြီး သားဂန်းအကြောင်းပြောလာတာပဲဖြစ်ပါတယ်။
ဘေဘီမောင်ကတော့ သူမအပေါ် ငွေကြေးပုံအောမပေးနိုင်ပေမယ့် မိန်းမအလုပ်တွေကို နောကက်ွယ်ကနေ ပံ့ပိုးကူညီပေးတတ်တဲ့ သားဂန်းလိုခင်ပွန်းမျိုးရရှိထားတာ ဘာနဲ့မှတောင်မလဲနိုင်ဘူးလို့ ချွဲချွဲနွဲ့နွဲ့ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thandar Zaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
နောက်ကွယ်ကနေ ပုံပိုးကူညီပြီးအားကိုးရတဲ့ယောကျာင်္း❤️ ဘဝအတွက်လေ့လာသင်ယူစရာပညာရပ်တွေကိုလည်းမိန်းမနဲ့အတူတူသင်ယူလေ့လာပေးတဲ့ယောကျာင်္း❤️ ဆက်ရေးရင်စာအုပ်တစ်အုပ်စာလောက်ရှိလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်📝📒😁❤️ အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှု့ဘာနဲ့မှမလဲနိုင်🥰 ချစ်တယ်ဖေဖေဂန်း🙏🏻😘” ဆိုပြီး သားဂန်းအကြောင်းပြောလာတာပဲဖြစ်ပါတယ်။
Source: Thandar Zaw’s fb
error: Alert: Content is protected !!