ငွေကျပ် (၅) သောင်းနဲ့ပုံစံတူလုပ်ပြီး ရောင်းချခံနေရတဲ့ ကျားပေါက်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ဂစ်တာ
အဆိုတော် ကျားပေါက်ကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး သူ့ရဲ့ရပ်တည်ချက်ကို ခိုင်မာစွာပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း တက်ကျွမ်းထားတဲ့ အနုပညာနဲ့ တော်လှန်ရေးအတွက် ရံပုံငွေတွေများစွာရှာဖွေပေးနေတဲ့ ကျားပေါက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူကိုယ်တိုင် Doodle Art ရေးဆွဲထားတဲ့ Ukulele ကို ရောင်းချခဲ့ပြီး ထို Ukulele ဂစ်တာဟာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့သလို အဆိုပါပိုက်ဆံတွေကိုလည်း NUG အစိုးရထံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် ကျားပေါက်ရဲ့ အနုပညာနဲ့ ကမ္ဘာပေါ်မှာ တစ်လုံးတည်းရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးဂစ်တာအဖြစ် မှတ်တမ်းဝင်နေတဲ့ ကျားပေါက်ရဲ့ Ukulele ဂစ်တာဟာ ပုံစံတူအဖြစ် ကူးယူခြင်းခံနေရပြီး Online Shop တစ်ခုမှာ ငွေကျပ် (၅) သောင်းနဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။ ကျားပေါက်ကတော့ “နဂိုဆွဲထားတဲ့ အနုပညာပစ္စည်းရဲ့ ၊ဒီ.. ပဂတိတန်ဖိုးပေါ့နော်၊ အဲဒီတန်ဖိုးကို မတွက်ရင်တောင် ၊ဆွဲထားတုန်းကရော၊ နောက် ဒီ auction မှာ ဖြစ်ခဲ့တဲ့ လူတွေရဲ့ စေတနာတွေ ၊ စိတ်တွေ ၊ ဒီ.. Vibes တွေ၊ အဲဒါတွေကိုတော့ respect ထားသင့်တယ်လို့ ထင်တယ်” လို့ နွေဦးအသံ မီဒီယာကိုပြောကြားထားပါတယ်။
ကျားပေါက် Doodle Art ရေးဆွဲထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ဂစ်တာကို အခုလို စည်းကမ်းမရှိ စီးပွားဖြစ်ကူးယူရောင်းချနေတာ တကယ့်ကို ရှုံ့ချစရာလုပ်ရပ်တစ်ခုပါပဲ။ ကျားပေါက်ရဲ့ အနုပညာနဲ့ ဂစ်တာရဲ့တန်ဖိုးကို လေးစားတဲ့ ပရိသတ်တွေကလည်း အဆိုပါ ကိစ္စကို ရှုံ့ချနေလျက်ရှိတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: The Voice Of Spring ‘s fb