ငွေကျပ်သိန်းတစ်သောင်းကျော်လိမ်လည်ပြီး မလေးရှားနိုင်ငံကိုထွက်ပြေးသွားတယ်လို့ သတင်းတွေထွက်နေတဲ့ Project K အဖွဲ့ဝင် Morris

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Project K အဖွဲ့ကတော့ အဖွဲ့ဝင် (၇) ဦးတိတိပါဝင်တဲ့ အဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၅) ရက်နေ့မှာတော့ Project K အဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး အဖွဲ့ဝင် Morris ဟာ သူ့သဘောဆန္ဒအလျောက် အဖွဲ့ကနေ နှုတ်ထွက်သွားပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ အသိပေးလာပါတယ်။ ဒ့ါအပြင် Tha Zin Htun လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးကလည်း Project K အဖွဲ့ဝင် Morris တို့ဇနီးမောင်နှံဟာ သူမဆီကအပါအဝင် အခြားလူတွေဆီက ငွေကျပ် သိန်းတစ်သောင်းကျော်ကို လိမ်လည်သွားခဲ့တယ်လို့ ရေးသားလာပါတယ်။

“ကျမဆီကလိမ်သွားတဲ့ ပိုက်ဆံတွေနဲ့ မင်္ဂလာတွေအကြီးအကျယ်ဆောင်ကျတာနော် ။ လူတိူင်းအားကျရတဲ့မင်္ဂလာပွဲပေါ့။ #Edit ကျမတစ်ယောက်ထဲပါတာမဟုတ်ဘူး။ တခြားပါသွားရတဲ့အမတွေလည်းရှိတယ်။ အားလုံးပေါင်း သိန်း၁သောင်းကျော်တယ်လို့သိရပါတယ်။ သူများမျက်ရည်တွေနဲ့ပျော်နေကြတဲ့ပွဲဖြစ်ခဲ့တာ ကျမမှာတော့ကလေးသာရသွားတယ်။ ခုထိမင်္ဂလာမဆောင်ရဘူး။ Pre wedding တောင်ဘာမှန်းမသိခဲ့ပါဘူး။ မင်္ဂလါ ဆောင်မယ့်ကျမပိုက်ဆံတွေလိမ်ရက်တယ်။ လုပ်ရက်တယ်။ မင်္ဂလာမဆောင်ရတဲ့ခံစားချက်ကို မိန်းကလေးတွေအသိဆုံး။ ရင်ထဲမှာနင့်နေအောင်သိမ်ငယ်ရတယ် ရှက်ရတယ်😅 မိန်းကလေးတိုင်းမက်ခဲ့ရတဲ့အိမ်မက် ကျမအိမ်မက်ကိုဖျက်စီးတယ် ကျမသူများ pre wedding တွေတွေ့ရင် Wedding ပွဲတွေတက်လာရင်ခိုးခိုးငိုရတာ။ တစ်ဦးတည်းသောသမီးလေးကိုမင်္ဂလာမဆောင်ပေးနိုင်လို့ မျက်ရည်အမြဲကျတဲ့အမေ့ကိုလည် းသမီးတောင်းပန်ပါတယ်။ ဝဋ်မလည်ကြပါစေနဲ့😅 ခုလည်း မလေးရှားကိုပြေးသွားပါပီတဲ့😅” ဆိုပြီး Tha Zin Htun လို့အမည်ရတဲ့ အကောင့်ပိုင်ရှင်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

Project K အဖွဲ့ဝင် Morris ကတော့ မင်္ဂလာပွဲပြီးတဲ့နောက်ပိုင်း Project K အဖွဲ့ကနေလည်း သူ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခဲ့ပြီး အဖွဲ့နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေကာ အခုတစ်ခါမှာလည်း ငွေကြေးအရှုပ်အရှင်းပြဿနာတွေပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Tha Zin Htun ‘s fb

error: Alert: Content is protected !!