ငယ်ငယ်က Broken Family ဘဝကို ပိုင်ဆိုင်ခဲ့ရသူမို့ ကိုယ်ပိုင်မိသားစုလေးရလာချိန်မှာ တန်ဖိုးထားတတ်သွားခဲ့တယ်ဆိုတဲ့ ဇာဏ်ခီ

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှုကိုရရှိလလာခဲ့တဲ့ မင်းသားချော ဇာဏ်ခီကတော့ တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်ပရိသတ်တွေအားလုံးရဲ့ နှစ်ခြိုက်အားပေးခြင်းခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၂၅) ရက်နေ့ကတော့ ဇာဏ်ခီရဲ့မွေးနေ့လေးပဲဖြစ်ပြီး ဇာဏ်ခီက သူ့ရဲ့မွေးနေ့မှာ မိသားစုတွေအားလုံးပျော်ရွှင်စေဖို့ ဆုတောင်းလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဇာဏ်ခီက “မွေးနေ့ဆုတောင်း..ဦးစွာဝန်ခံခြင်း.. ကျနော်အသက်တော်တော်ရတဲ့အထိ မိသားစုချစ်ခြင်းမေတ္တာဆိုတာကိုနားမလည်နိုင်ခဲ့ဘူး။ တခြားမိသားစုတွေတယောက်နဲ့တယောက်ချစ်ကြ ဂရုစိုက်ကြရင် ကျနော်ခံစားလို့မရခဲ့ဘူး။ လုံးဝစက်ရုပ်တရုပ်လိုပဲ နားမလည်နိုင်ခဲ့ဘူး။ အကြောင်းကိုကြည့်လိုက်တော့ရှင်းပါတယ်။ ကျနော့်မိသားစုက broken family (ခေါ်) dysfunctional family ဖြစ်နေတာကိုး။
ကျနော့်ကိုယ်ပိုင်မိသားစုလေးဖြစ်လာတော့မှ တခြားမိသားစုတွေမှာ တယောက်အတွက်တယောက်အရေးပါမှုတွေ၊ ကလေးတွေဆိုရင်လည်း ကျနော့်ရဲ့သားအပေါ်မှာကျနော်ထားမိတဲ့မေတ္တာကနေမှတဆင့် မိဘတိုင်းရဲ့သားသမီးပေါ်မှာထားတဲ့မေတ္တာဆိုတာတွေကို သိရှိနားလည်ခံစားနိုင်လာခဲ့တယ်။ ဘယ်လောက်ချမ်းသာပြီးပြည့်စုံစုံ ဘယ်လောက်ဆင်းရဲပြီးနုံချာချာ အတူတူပဲဆိုတာကိုလည်းပိုသိလာတယ်။ ပြောချင်တာကတော့ ကိုယ့်မိသားစုတခုထဲကိုပဲမကြည့်တတ်တော့ပဲ မိသားစုတွေအားလုံးရဲ့အရေးပါမှု တန်ဖိုးကြီးမှုတွေကို ကိုယ်တိုင်ကိုယ်ကျသိရှိခွင့်ရခဲ့တယ်။ ဒီတချက်က ကျနော့်ရဲ့မိသားစုဘဝကနေရခဲ့တဲ့ တန်ဖိုးအရှိဆုံးအမြတ်တခုပဲ။ ကိုယ့်မိသားစုနဲ့နှိုင်းယှဉ်ပြီး တခြားမိသားစုတွေကို တန်ဖိုးထားတတ်သွားတယ်။”

“ကျနော့်မွေးနေ့မှာ ဆုတောင်းချင်တာကတော့.. အခုကျနော်တို့နိုင်ငံမှာ ဒုက္ခဆင်းရဲမှုပေါင်းများစွာကိုရင်စီးခံနေကြရတဲ့မြောက်များစွာသောမိသားစုတွေအကုန်လုံး အမြန်ဆုံးအေးချမ်းမှုတွေရကြပါစေ။ တကွဲတပြားဖြစ်နေတဲ့မိသားစုတွေအကုန်လုံးလည်း အန္တရာယ်အပေါင်းမှကင်းဝေးပြီး ပြန်လည်ဆုံစည်းနိုင်ကြပါစေ။ မြန်မာပြည်ကြီးလည်း ဥပဒေအထက်ဘယ်သူမှမရှိတော့တဲ့အနေအထားတခုကိုအမြန်ဆုံးရောက်နိုင်ပြီး ပြည်သူအကုန်လုံးဥပဒေရဲ့ကာကွယ်မှုတွေကိုပြန်လည်ရရှိနိုင်ကြပါစေ။ ဓမ္မအတွက်အသက်ပေးသွားကြသော သူရဲကောင်းအပေါင်း မြင့်မြတ်တဲ့ဘုံဗိမ္မာန်တွေမှာအနားရကြပါစေ။မွေးနေဆုတောင်းသူများအားလုံးလည်း ဘေးရန်ကင်းကွာပြီး စိတ်နှလုံးအေးချမ်းကြပါစေ။ ❤️🙏❤️”ဆိုပြီး ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။

ဇာဏ်ခီကတော့ အသက်တစ်နှစ်ကြီးလာခဲ့တဲ့ မွေးနေ့မှာ သူ့ကိုယ်သူအတွက်သာမကပဲ မြန်မာပြည်ကြီးအမြန်ဆုံး အေးချမ်းပြီး ကွဲကွာနေတဲ့ မိသားစုတွေအားလုံးလည်း ပြန်လည်ဆုံဆည်းနိုင်ဖို့ကို ဆုတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zenn Kyi’s fb

error: Alert: Content is protected !!