ဂျပန်နိုင်ငံတွင်းလူကြည့်အများဆုံး Music Video (100) စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အုပ်စိုးခန့်နဲ့ ဂျပန်အဆိုတော်တွေသီဆိုထားတဲ့ “Top One” သီချင်း

လူငယ်အဆိုတော်လေးတစ်ယောက်ဖြစ်တဲ့ အုပ်စိုးခန့်ကတော့ အသက်အရွယ်ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ပတ်သက်လာရင် ပါရမီပါသူတစ်ယောက်ဖြစ်ပါတယ်။ အုပ်စိုးခန့်က အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပေမယ့် ရုပ်ရည်ကလည်းချောမောသူမို့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အုပ်စိုးခန့်ကို သူ့ကိုအားပေးတဲ့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အုပ်စိုးခန့်က ဂျပန်နိုင်ငံကအဆိုတော်အဖွဲ့ဖြစ်တဲ့ Repezen Foxx အဖွဲ့နဲ့ “Top One” ဆိုတဲ့ သီချင်းလေးကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အုပ်စိုးခန့်က “Top One” သီချင်းလေးဟာ ဂျပန်နိုင်ငံမှာ လူကြည့်အများဆုံး Music Video (100) စာရင်းမှာ နံပါတ် (၆၃) နေရာကနေ ရပ်တည်နေတယ်လို့ အုပ်စိုးခန့်က ဝမ်းသာစွာနဲ့ပြောလာပါတယ်။

အုပ်စိုးခန့်ကတော့ အနုပညာအလုပ်တွေကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံထိထိုးဖောက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက လူငယ်အဆိုတော်တစ်ယောက် အခြားတိုင်းတစ်ပါးမှာ အောင်မြင်နေတာတွေ့ရတာ ဝမ်းသာစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Oak Soe Khant ‘s fb

error: Alert: Content is protected !!