ဂေဟာက သားသားမီးမီးတွေကို ပွဲထုတ်ပြီး ကြော်ငြာလေးတစ်ခုကို အတူတူရိုက်ကူးခဲ့တယ်ဆိုတဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ဆောင်နေသူတစ်ယောက်ပါပဲ။ အထူးသဖြင့် ခိုင်နှင်းဝေဟာ မိဘမဲ့ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေများစွာကို စောင့်ရှောက်ပေးနေသူတစ်ယောက်ပါပဲ။ စိတ်ရင်းစေတနာရင်းနဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း လေးစားကြပြီး ပရဟိတမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။
ကလေးတွေကြောင့် မျက်နှာပွင့်သလို အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်ရတဲ့ ခိုင်နှင်းဝေဟာ ဒီကနေ့မှာလည်း သူမတို့သားအမိတွေရဲ့ အမှတ်တရလေးကို ပြသလာပါတယ်။ ခိုင်နှင်းဝေက “အမေ့ကို ကြော်ငြာ ကူရိုက်ပေးနေတဲ့ အလိမ်မာလေးများ..❤️” ဆိုပြီး ဂေဟာက သားသားမီးမီးတွေကို ပွဲထုတ်ပြီး ကြော်ငြာလေးတစ်ခုကို အတူတူရိုက်ကူးခဲ့တဲ့ပုံရိပ်လေးကို မျှဝေလာပါတယ်။
ခိုင်နှင်းဝေကတော့ မွေးစားထားတဲ့ကလေးတွေကို သူမရဲ့သွေးသားရင်းသားသမီးတွေလို ရင်အုပ်မကွာစောင့်ရှောက်ပြီး ကလေးတွေရဲ့ဘဝရှေ့ရေးကိုလည်း အကောင်းဆုံးစဉ်းစားစီစဉ်ပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့သားအမိတွေရဲ့ ကြော်ငြာလေးထွက်ရှိလာရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Hnin Wai’s fb