ဂေဟာက ကလေးအချို့ကို အခန်းသီးသန့်ခွဲပြီး ဆေးကုသပေးနေရတဲ့အကြောင်း အသိပေးလာခဲ့တဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေသလို ကလေးတွေရှေ့ရေးအတွက်ပါ စဉ်းစားဆောင်ရွက်ပေးတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ခိုင်နှင်းဝေဟာ ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးရယ်လို့ ကောင်းသတင်းနဲ့ကျော်ကြားသူဖြစ်ပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေများစွာကို စောင့်ရှောက်နေရတဲ့ ခိုင်နှင်းဝေဟာ ဒီကနေ့မှာတော့ ဂေဟာကကလေးတွေ တော်တော်များများနေထိုင်မကောင်းဖြစ်နေတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ ခိုင်နှင်းဝေက “ရာသီကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြလို့ အခန်းတွေ သီးသန့် ခွဲထားရပါတယ်..ဆေးရုံတက်ရတဲ့ ကလေးတွေလဲ နေကောင်းလာကြပါပြီ..ကျန်တဲ့ ကလေးတွေလဲ အဖျားတွေ ပျောက်လို့ သက်သာလာကြပါပြီ..အားလုံးပဲ ကျန်းမာရေးတွေလဲ ဂရုစိုက်ကြပါရှင်..❤️❤️❤️” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေရဲ့ ဂေဟာကကလေးတွေကတော့ ရာသီဥတုအကူးအပြောင်းမှာ ကလေးတွေနေမကောင်းကြလို့ အခန်းတွေသီးသန့်ခွဲထားရပြီး အချို့ကိုလည်း ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ ကလေးတွေ အမြန်ဆုံးနေကောင်းကျန်းမာကြပါစေလို့ ပရိသတ်ကြီးကလည်း ဝိုင်းဝန်းပြီးဆုတောင်းပေးကြပါဦး။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Hnin Wai’s fb