ဂေဟာက ကလေးတွေ မမှတ်မိနိုင်လောက်အောင် အမိုက်စားစတိုင်လ်ဒီဇိုင်းနဲ့ တွေ့မြင်ရတဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရောအချင်းပါ ပြည့်စုံသူလေး တစ်ယောက်အဖြစ် ပရိသတ် သတ်မှတ်ထားခြင်းခံရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသား တစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေ အပြင် အကြောင်းအမျိုးမျိုး ကြောင့် မိဘတွေ နဲ့ ခွဲခွာရတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ထားတဲ့ ခိုင်နှင်းဝေက အခုဆိုရင် ကလေးငယ်ပေါင်းများစွာကို ရင်အုပ်မကွာစောင့်ရှောက်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရဟိတ ကုသိုလ်ရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ခိုင်နှင်းဝေဟာ ကလေးတွေဝေယျာဝစ္စကို လုပ်ကိုင်နေရသလို တစ်ဖက်မှာလည်း သူမရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ အမိုက်စားဒီဇိုင်းပုံစံနဲ့ ဓာတ်ပုံတွေကို မျှဝေပြီး “ကလေးတွေဆီ သွားရင် မှတ်မိကြပါ့မလား..😬… ဝါသနာပါတဲ့ အလုပ်လေးမို့ ကျရာ ဇာတ်ရုပ်ကို အမြဲ ပီပြင်အောင် လုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းရင်းပါပဲရှင်…❤️….” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမတစ်ခါမှ မပြင်ဆင်ဖူးတဲ့ စတိုင်လ်အသစ်နဲ့ အရမ်းကိုကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေကိုကြည့်ပြီး နောက်လူတစ်ယောက်လို့တောင် ထင်မှတ်သွားကြမယ်ဆိုတာ သေချာပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khine Hnin Wai’s fb

error: Alert: Content is protected !!