Eternal Gosh အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဟန်နေတာကတော့ သီချင်းဆိုကောင်းလို့ ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို အမိုက်စားရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ ဟန်နေတာကတော့ ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးပေးဖြစ်ပေမယ့် သူဝါသနာပါတဲ့ ဂီတအနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

အခုဆိုရင် ဒုတိယမြောက်သီချင်းခွေသစ်ကို ပြင်ဆင်နေပြီဖြစ်တဲ့ ဟန်နေတာဟာ သူ့ရဲ့မိဘတွေဆီက ထောက်ပံ့မှုကို အများအပြားရရှိထားတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဟန်နေတာက သူ့ရဲ့သီချင်းတွေကို စိတ်ပါဝင်စားစွာနားဆင်ပေးတဲ့ ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကို မျှဝေပြီး “DOA နဲ့ ဒုတိယခွေ တခွေလုံးကို မု အပြည့်နဲ့ နားသောတဆင်နေသော ဟန်ကြီးရဲ့ ဖေဖေ ❤️❤️❤️” ဆိုပြီး ဂုဏ်ယူစွာပြသလာပါတယ်။

ဟန်နေတာကတော့ သူ့အပေါ် အပြည့်အဝ Support ပေးတဲ့ မိဘကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်နေတာတို့ သားအဖနှစ်ယောက် သံယောဇဉ်ကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Han Nay Tar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဂီတနဲ့ပတ္သက္ရင္ မိဘေတြဆီက အျပည့္အဝ Support လုပ္ခံရေၾကာင္း ျပသလာတဲ့ ဟန္ေနတာ

Eternal Gosh အဖြဲ႕ရဲ႕ ပင္တိုင္အဆိုေတာ္ ဟန္ေနတာကေတာ့ သီခ်င္းဆိုေကာင္းလို႔ ေယာက်ာ္းေလးပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသလို အမိုက္စား႐ုပ္ရည္ေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူျဖစ္ပါတယ္။ ဟန္ေနတာကေတာ့ ေၾကာ္ျငာအခ်ိဳ႕ကိုလက္ခံ႐ိုက္ကူးေပးျဖစ္ေပမယ့္ သူဝါသနာပါတဲ့ ဂီတအႏုပညာအလုပ္ေတြကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ေနလ်က္ရွိတာပဲျဖစ္ပါတယ္။

အခုဆိုရင္ ဒုတိယေျမာက္သီခ်င္းေခြသစ္ကို ျပင္ဆင္ေနၿပီျဖစ္တဲ့ ဟန္ေနတာဟာ သူ႔ရဲ႕မိဘေတြဆီက ေထာက္ပံ့မႈကို အမ်ားအျပားရရွိထားတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ဟန္ေနတာက သူ႔ရဲ႕သီခ်င္းေတြကို စိတ္ပါဝင္စားစြာနားဆင္ေပးတဲ့ ဖခင္ျဖစ္သူရဲ႕ဓာတ္ပုံကို မွ်ေဝၿပီး “DOA နဲ႔ ဒုတိယေခြ တေခြလုံးကို မု အျပည့္နဲ႔ နားေသာတဆင္ေနေသာ ဟန္ႀကီးရဲ႕ ေဖေဖ ❤️❤️❤️” ဆိုၿပီး ဂုဏ္ယူစြာျပသလာပါတယ္။

ဟန္ေနတာကေတာ့ သူ႔အေပၚ အျပည့္အဝ Support ေပးတဲ့ မိဘေကာင္းေတြကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဟန္ေနတာတို႔ သားအဖႏွစ္ေယာက္ သံေယာဇဥ္ကိုၾကည့္ၿပီး အားက်ေနၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: Han Nay Tar’s fb

error: Alert: Content is protected !!