ဂန်ဂူးဘိုင် ဇာတ်ကားထဲက ဇာတ်ဝင်ခန်းလေးကိုကြိုက်လွန်းလို့ ဂန်ဂူးဘိုင်အတိုင်း သေချာစီစဉ်ပြီး ရိုက်ကူးခဲ့တယ်ဆိုတဲ့ ဒီး

The Model Academy 2019 ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ Dee ကတော့ အမိုက်စားရုပ်ရည်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ Dee က အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိလို့နေပြီပဲဖြစ်ပါတယ်။ အသစ်အဆန်းတွေကို အမြဲတမ်းစိန်ခေါ်လေ့ရှိတဲ့ ဒီးက ဒီကနေ့မှာလည်း သူမရဲ့ပရိသတ်တွေအတွက် ထူးထူးဆန်းဆန်းဓာတ်ပုံရိုက်ကူးမှုလေးတစ်ခုကို ချပြလာပါတယ်။

ဒီးက “Gangubai Kathiawadi ကားကြည့်တုန်း ဒီအခန်းလေး ရိုက်ချင်တယ်ပြောလို့ Niki Roy က ဒီတေး စီစဉ် Si Thu Kyi Yan က လိမ်းခွဲ Aw Ya Tha Soe က ရိုက်ချပေးထားပါတယ် ဝတ်စုံကတော့ Karambir – Indian Fashion Collection ကပါ …. အားလုံးလဲ Ganguu ရဲ့ Look လေးကိုကြည့်ပြီးသဘောကျလိမ့်မယ်လည်း ထင်ပါတယ်. Dee တို့တွေလည်း Ganguu တို့လို Prostitute တွေကို လူတွေထဲကလူတွေအနေနဲ့ ဆက်ဆံပြီး သူတို့ရဲ့ ဖြစ်တည်မှုလေးတွေကို လက်ခံလိုက်ကြရအောင်နော်.🤍” ဆိုပြီး နာမည်ကြီးအိန္ဒိယဇာတ်ကား Gangubai Kathiawadi ထဲက ဇာတ်ဝင်ခန်းလေးအတိုင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီကတော့ နာမည်ကြီးဇာတ်ဝင်ခန်းလေးကို ကြိုက်လွန်းလို့ ဒီဇာတ်ဝင်ခန်းလေးအတိုင်း ရိုက်ကူးပြီး ပြည့်တန်ဆာမိန်းကလေးတွေရဲ့ ဘဝကို နားလည်လက်ခံပေးကြဖို့ပါ တိုက်တွန်းပေးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Dee – ဒီး’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Dee – ဒီး’s fb

error: Alert: Content is protected !!