ခွေးလေးနှစ်ကောင်နဲ့ဖက်ပြီး အိပ်မောကျနေစဉ် အစ်မဖြစ်သူမေချစ်သွေးရဲ့ ဆေးထိုးစနောက်ခြင်းခံခဲ့ရတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားရုံသာမကပဲ မိသားစုထဲမှာလည်း အချစ်ခံရသူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ သူ့ရဲ့အစ်မ မေချစ်သွေးနဲ့ အမြဲတမ်း တပူးပူးတတွဲတွဲရှိသူဖြစ်ပြီး မေချစ်သွေးကလည်း ပိုင်တံခွန်မအောင်မြင်စဉ်အခါကတည်းက ပိုငတံခွန်အနားမှာနေရင်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေသူတစ်ယောက်ပါပဲ။ လက်ရှိမှာတော့ မေချစ်သွေးကလည်း သူမကိုယ်တိုင်ဓာတ်ပုံဆရာမလေးတစ်ယောက်အဖြစ် ခံယူပြီး ပိုင်တံခွန်နဲ့တကွ အခြားသော အနုပညာရှင်တွေရဲ့ ဓာတ်ပုံလှလှလေးတွေကို ရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မေချစ်သွေးက ခွေးလေးတွေဖက်ပြီး အိပ်ပျော်နေတဲ့ မောင်ဖြစ်သူ ပိုင်တံခွန်ကို ဆေးကြီးကြီးထိုးစနောက်ခဲ့တာကို တွေ့ရပါတယ်။ မေချစ်သွေးက ဆိုဖာပေါ်မှာ ခွေးလေးနှစ်ကောင်ကိုဖက်ပြီး ပိုင်တံခွန်ကို “မိုးအေးအေးလေးမှာ မျောက်လောင်း ၃ကောင် အိပ်နေပုံ🤌🏻 ” ဆိုပြီး စနောက်ခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကိုချစ်မြတ်နိုးသူတစ်ယောက်ပီပီ သူ့ရဲ့ အားလပ်ချိန်တွေကို သူချစ်တဲ့သားသမီးတွေနဲ့သာ ဖြတ်သန်းသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကိုကြည့်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May Chit Thway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!