ချွေးမလောင်း DJ မလေးရဲ့ အားကျခြင်းခံနေရတဲ့ မင်းသားကြီး နေမျိုးအောင်နဲ့ သန္တာတို့ ဇနီးမောင်နှံ

နိုင်ငံကျော် ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေမျိုးအောင်ကတော့ အနုပညာနဲ့ပတ်သက်လာရင် နာမည်ကြီးသလို သာယာတဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ နေမျိုးအောင်ဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေရပ်နားထားကာ ဇနီးသည်နဲ့အတူတူ အွန်လိုင်း Live Sale တွေရောင်းချနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေမျိုးအောင်သာမက နေမျိုးအောင်တို့တစ်မိသားစုလုံးကိုပါ ချစ်ကြတာပဲဖြစ်ပါတယ်။

သာယာတဲ့မိသားစုဘဝကို တည်ဆောက်ထားတဲ့ နေမျိုးအောင်ဟာ ပရိသတ်တွေသာမက သူ့ရဲ့သားကြီး မင်းထိုက်ရဲ့ချစ်သူ Dj Violet ရဲ့ အားကျခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ Dj Violet က သူမရဲ့ ဖေ့စ်ဘုတ် Story မှာ နေမျိုးအောင်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဓာတ်ပုံနဲ့တကွ “အချစ်စစ်ဆိုတာ တကယ်ရှိပါလားနော်.. ချစ်တတ်လိုက်ကြတာ.. အားတွေကျနေပါပြီနော်”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

နေမျိုးအောင်တို့ ဇနီးမောင်နှံကတော့ မတော်ရသေးတဲ့ ချွေးမလောင်း DJ မလေးရဲ့ အားကျခြင်းခံနေရတာပဲဖြစ်ပါတယ်။ မင်းထိုက်နဲ့ Dj Violet တို့လည်း ဖေဖေ၊ မေမေတို့လိုပဲ သာယာတဲ့ဘဝတစ်ခုကို အတူတူတည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Htwe Mon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Htwe Mon ‘s fb

error: Alert: Content is protected !!