ချောမောလွန်းတဲ့ တစ်ဦးတည်းသောမောင်လေးအတွက် အချစ်တွေအများကြီးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သင်ဇာဝင့်ကျော်
နိုင်ငံကျော်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမရဲ့လွတ်လပ်ပေ့ါပါးပြီး ဟန်ဆောင်မှုမရှိတဲ့ပုံစံလေးကြောင့် ပရိသတ်တွေကြား ပိုပြီးနာမည်ကျော်သူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ဘဝကို လွတ်လပ်စွာအချုပ်အနှောင်ကင်းကင်းနေထိုင်တတ်ပေမယ့် သူမရဲ့မိသားစုကိုတော့ အရမ်းချစ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ မိသားစုတွေကိုချစ်ပြီး အမြဲတမ်းအလေးထားတဲ့ သင်ဇာဝင့်ကျော်ဟာ ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ သူမရဲ့တစ်ဦးတည်းသောမောင်လေး ညီဆက်ကျော်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က သူမရဲ့ တစ်ဦးတည်းသောအစ်မ အေးချစ်ချစ်ကျော်အတွက် “Happy birthday အဘိုးပေါက်စရေ 🎉🎊🎂🎈🎁 စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး စိတ်သွားတိုင်းကိုယ်ပါပါစေ🖤” ဆိုပြီး မင်းသားတစ်ယောက်လို ချောမောလွန်းတဲ့ မောင်လေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်က မောင်လေးကြိုက်တဲ့ပစ္စည်းလေးကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ပေးထားခဲ့ပြီးပြီလို့ ညီဆက်ကျော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါသေးတယ်။
သင်ဇာဝင့်ကျော်နဲ့ ညီဆက်ကျော်တို့ မောင်နှမကတော့ တစ်ယောက်နဲ့တစ်ယောက် မောင်နှမလိုရော သူငယ်ချင်းလိုရောပါ ချစ်ခင်ကြသူတွေပဲဖြစ်ပါတယ်။ သင်ဇာတို့မောင်နှမတွေအားလုံး အခုလိုပဲ အမြဲထာဝရပျော်ရွှင်စွာ ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thin Zar Wint Kyaw’s fb