သရုပ်ဆောင်နေဒွေးနဲ့ သူ့ရဲ့ချစ်သူကောင်မလေးကတော့ ချစ်သူတွေ အဖြစ် အချိန်အတော်ကြာ လက်တွဲခဲ့ပြီး အခုဆိုရင် နှစ်ဦးနှစ်ဖက်သဘောထားခြင်းမတိုက်ဆိုင်တာကြောင့် လမ်းခွဲပြတ်ဆဲလိုက်ကြပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ နေဒွေးနဲ့ သူ့ရဲ့ချစ်သူ Htang Ra တို့ က နှစ်ဦး နှစ်ဖက် လမ်းခွဲတဲ့အကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပြီး နေဒွေးကလည်း သူ့ရဲ့ချစ်သူ Htang Ra ဟာ အိမ်ထောင်ရှိယောကျာ်းနဲ့ဖောက်ပြန်တဲ့အကြောင်း၊ သူ့ဆီက ပိုက်ဆံသိန်း ၁၀၀ ချေးပြီး ချူစားအကြောင်းတွေဖွင့်ဟခဲ့ပြီး Htang Ra ကလည်း သူမအနေနဲ့ ချူစားရမယ့် အဆင့်အတန်းမဟုတ်သလို အိမ်ထောင်ရှိယောကျာ်းနဲ့ဖောက်ပြန်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“မွေးကတည်းက အိမ်ပိုင်အိုးပိုင်ခြေမွေးမီးမလောင်လက်မွေးမီးမလောင် အိမ်ဖော်သုံးလေးယောက်နဲ့နေခဲ့တာ ခုထိလည်းအဖေ့မြေကွက်တွေများဖိုသတ်တောင်မကုန်ဘူးအဲ့များ ငါကကလေးအဖေဆီကချူစားတယ်တဲ့လား အလုပ်မရှိရင် ငါ့အိမ်ငါပြန်ပီး ငါ့အဖေခြံမှာ လယ်သွားစိုက်စားမယ် ဘယ်သူ့ဆီမှမချူစားဖူးဘူး”

“နေပါအုန်းအကြွေးဆပ်ခိုင်းလို့ပြေးရတယ်ပြောရအောင် ဘယ်အကြွေးကို ဆပ်ခိုင်းတာလဲ ပြောပါအုန်း ရင်ဖွင့်မိတာ အလုပ်အဆင်မပြေဖြစ်တဲ့ချိန့ပိုက်ဆံကလိမ်ခံရတဲ့အချိန်ကိုယ့်ချစ်သူ အနေနဲ့ကိုယ့်အစ်ကိုအနေနဲ့ရင်ဖွင့်ပီး ပိုက်ဆံချေးမိတယ် ဒါကိုမချေးနဲ့သူဆပ်ပေးမယ်တဲ့ ပြန်ပေးစရာမလိုဘူးတဲ့၈သိန်းလောက်ဆပ်ပေးပီးအခုကျအကြွေးဆပ်တဲ့ ကိုယ့်မှာသူ့အတွက်နဲ့ကုန်ခဲ့တာတွေမပြောချင်ဘူး ချစ်သူဆိုတာမရှိအတူရှိအတူဖြတ်သန်းရတာမဟုတ်ဘူးလား ဒီနေ့ဒီချိန်ထိသူ့ဆီကဘာတခုမှအလကားမယူခဲ့ဖူးဘူးကိုယ့်မှာအမေမရှိလို့ သူ့အမေကိုကိုယ့်အမေလိုသဘောထားပီးသူ့အမေဖုန်းလဲချင်တယ် ဆိုလို့ဖုန်းတွေစလက်ဆောင်ဝယ်ပေးခဲ့တာ ခုကိုင်နေတဲ့Iphone 13ကလည်း ၅သိန်းလောက်ဘဲထည့်ပေးခဲ့တာ ပိုက်ဆံလည်းတကျပ်မှသူ့ဆီက ဘာမှမချူခဲ့ဖူးဘူး အခုလည်းအေးဆေးနေနေတာကို ဘာလို့လာပီးတိုက်ခိုက်နေတာလဲ ကိုယ့်ဖာသာအေးဆေးနေတော့လေ” ဆိုပြီး ပြောခဲ့သလို နေဒွေးနဲ့ သူမတို့ရဲ့ဖြစ်ကြောင်းကုန်စင်ကိုလည်း Live လွှင့်ခဲ့တာကို တွေ့ရပါတယ်။

နေဒွေးနဲ့ Htang Ra တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို အသီးသီးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှန်လဲ ဘယ်သူမှားလဲဆိုတာကိုတော့ ကာယကံရှင်တွေကသာ အသိဆုံးဖြစ်မှာပါနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Htang Ra ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ချူစားတယ်ဆိုတဲ့ နေဒွေးရဲ့စွပ်စွဲချက်ကို Live လွှင့်ပြီး ပြန်လည်ဖြေရှင်းလာတဲ့ သူ့ရဲ့ချစ်သူကောင်မလေး Htang Ra






Source: Htang Ra ‘s fb

error: Alert: Content is protected !!