ချာချာလည်အောင်မူးနောက်ပြီး အန်ချင်နေပေမယ့် Live ဈေးရောင်းတဲ့အလုပ်ကို ဟန်မပျက်လုပ်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်ပီပြင်ပြီး အလုပ်အပေါ် တာဝန်ကျေပွန်သူတစ်ယောက်အဖြစ် နာမည်ကျော်သူတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားပြီး Live Sale ရောင်းချရာမှာလည်း ကိုယ်လုပ်ရမယ့်အလုပ်အပေါ် တာဝန်ကျေပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တာကြောင့် လုပ်ငန်းရှင်တွေကြားမှာ နာမည်ရလာခဲ့သူဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကိုအပြည့်အဝရရှိထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ သူမအနေနဲ့ နေထိုင်မကောင်းဖြစ်နေရင်တောင် အလုပ်အပေါ် တာဝန်ယူစိတ်အပြည့်ရှိကြောင်းကို “သွေးတိုးတာကို ခံနိုင်တယ်။ သွေးပေါင်ကျတာ အရမ်းခံရတာပဲ။ ချာချာလည်မူး အန်ချင် ခြေတွေလက်တွေပျော့ကျ ဒီနေ့ Live မှာဆို မျက်နှာတွေအမ်းပီး မျက်လုံးတဖက်ကျဉ်းနေတယ်…ဒါပေမယ့် အလုပ်ကို ဟန်မပျက်ကို လုပ်သွားတာပဲ။ အလုပ်ပြီး ကားပေါ်ရောက်တော့ စိတ်လျှော့လိုက်တော့ ပြန်မူးနောက်ပီး ချာချာလည်ပဲ။ အိမ်ရောက်တော့ ကျွန်မမိတ်ကပ်ဆရာ ပို့ပေးထားတဲ့ ကြက်ပေါင်းလေးသောက်ပြီး နောက်နေ့အတွက် အားမွေးရပြနိရော👍ကျေးဇူးပါ မိကျော်ရေ 😁” ဆိုပြီး ပြောလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ နေထိုင်မကောင်းဖြစ်ပြီး တော်တော်လေးမသက်သာတာတောင် အလုပ်ကို အဆုံးထိ ဟန်မပျက်လုပ်ပြခဲ့တာ သူမရဲ့ပါရမီတစ်ခုပါပဲ။ နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nhying Shin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ခ်ာခ်ာလည္ေအာင္မူးေနာက္ၿပီး အန္ခ်င္ေနေပမယ့္ Live ေဈးေရာင္းတဲ့အလုပ္ကို ဟန္မပ်က္လုပ္ႏိုင္ခဲ့တဲ့အေၾကာင္း ေျပာျပလာတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

နာမည္ႀကီးဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ သ႐ုပ္ေဆာင္ပီျပင္ၿပီး အလုပ္အေပၚ တာဝန္ေက်ပြန္သူတစ္ေယာက္အျဖစ္ နာမည္ေက်ာ္သူတစ္ေယာက္ျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ကူးမႈေတြရပ္နားထားၿပီး Live Sale ေရာင္းခ်ရာမွာလည္း ကိုယ္လုပ္ရမယ့္အလုပ္အေပၚ တာဝန္ေက်ၿပီး အေကာင္းဆုံးလုပ္ေဆာင္ႏိုင္တာေၾကာင့္ လုပ္ငန္းရွင္ေတြၾကားမွာ နာမည္ရလာခဲ့သူျဖစ္ပါတယ္။

လုပ္ငန္းရွင္ေတြရဲ႕ ယုံၾကည္မႈကိုအျပည့္အဝရရွိထားတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ဟာ သူမအေနနဲ႔ ေနထိုင္မေကာင္းျဖစ္ေနရင္ေတာင္ အလုပ္အေပၚ တာဝန္ယူစိတ္အျပည့္ရွိေၾကာင္းကို “ေသြးတိုးတာကို ခံႏိုင္တယ္။ ေသြးေပါင္က်တာ အရမ္းခံရတာပဲ။ ခ်ာခ်ာလည္မူး အန္ခ်င္ ေျခေတြလက္ေတြေပ်ာ့က် ဒီေန႔ Live မွာဆို မ်က္ႏွာေတြအမ္းပီး မ်က္လုံးတဖက္က်ဥ္းေနတယ္…ဒါေပမယ့္ အလုပ္ကို ဟန္မပ်က္ကို လုပ္သြားတာပဲ။ အလုပ္ၿပီး ကားေပၚေရာက္ေတာ့ စိတ္ေလွ်ာ့လိုက္ေတာ့ ျပန္မူးေနာက္ပီး ခ်ာခ်ာလည္ပဲ။ အိမ္ေရာက္ေတာ့ ကြၽန္မမိတ္ကပ္ဆရာ ပို႔ေပးထားတဲ့ ၾကက္ေပါင္းေလးေသာက္ၿပီး ေနာက္ေန႔အတြက္ အားေမြးရျပနိေရာ👍ေက်းဇူးပါ မိေက်ာ္ေရ 😁” ဆိုၿပီး ေျပာလာပါတယ္။

ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ ေနထိုင္မေကာင္းျဖစ္ၿပီး ေတာ္ေတာ္ေလးမသက္သာတာေတာင္ အလုပ္ကို အဆုံးထိ ဟန္မပ်က္လုပ္ျပခဲ့တာ သူမရဲ႕ပါရမီတစ္ခုပါပဲ။ ႏႈိင္းယွဥ္ျမင့္မိုရ္တစ္ေယာက္ အျမန္ဆုံးေနေကာင္းက်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Nhying Shin ‘s fb

error: Alert: Content is protected !!