“ချည်” ရုပ်ရှင်ဇာတ်ကားထဲက သက်မွန်မြင့်နဲ့ ယှဉ်တွဲပြီး “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲထဲက ဆုထက်လှိုင်

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲကတော့ တစ်နေ့ထက်တစ်နေ့ ဇာတ်ရှိန်မြင့်တက်လာပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ပြီး အထူသဖြင့် အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်းနဲ့ ကျော်ထက်ဇော်တို့ကလည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေလျက်ရှိတာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ ပရိသတ်တွေက ဒေါ်တင်မေဦးနေရာကနေ သရုပ်ဆောင်ထားတဲ့ ဆုထက်လှိုင်ကို နာမည်ကြီး “ချည်” ရုပ်ရှင်ဇာတ်ကားထဲက သက်မွန်မြင့်နဲ့ ယှဉ်တွဲပြီး ” မြန်မာနိုင်ငံလုံးဆိုင်ရာ ” မောင်ထိပ်ထားစံ အသင်းအဖွဲ့ ချုပ်ကြီး ” ရဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းကိုင်မိခင်ကြီးနှစ်ဦး” ဆိုပြီး စနောက်ကျီစယ်နေတာပဲဖြစ်ပါတယ်။ ဆုထက်လှိုင်ကလည်း ပရိသတ်တွေရဲ့ စနောက်မှုကို သဘောကျစွာနဲ့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

“ချည်” ရုပ်ရှင်ဇာတ်ကားထဲက သက်မွန်မြင့်ဟာ ဖောက်လွဲဖောက်ပြန်လုပ်တဲ့ လင်ယောကျာ်းအပေါ် သည်းခံမြိုသိပ်ပြီး ဆန္ဒကိုဖြည့်ဆည်းပေးသလို “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲထဲက ဆုထက်လှိုင်ကလည်း သူ့ထက်ဆယ်နှစ်ကျော်ငယ်တဲ့ လင်ယောကျာ်းရဲ့ ဖောက်ပြန်ငြိုငြင်မှုတွေကို သည်းခံပြီး ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ရင့်ကျက်တဲ့အမျိုးသမီးအဖြစ်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Su Htet Hlaing ‘s fb

error: Alert: Content is protected !!