တစ်နိုင်ငံလုံးက ပရိသတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြသလို ပေါက်စီလို့လည်းခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့ကပဲ သူမရဲ့အပျိုကြီးဆိုတဲ့ ရာထူးဂုဏ်ပုဒ်ကို စွန့်လွှတ်သွားခဲ့ပါပြီ။ မအေးသောင်းဟာ သူမရဲ့ချစ်သူနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ထပ်ခဲ့ပြီး နှစ်ယောက်တစ်ဘဝအိပ်မက်လေးကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
မအေးသောင်းရဲ့ ခင်ပွန်းဟာ ကချင်တိုင်းရင်းသားဖြစ်တာကြောင့် မအေးသောင်းဟာ ခင်ပွန်းဖြစ်သူရဲ့ ရိုးရာဓလေ့အတိုင်း ကချင်တိုင်းရင်းသားဝတ်စုံလေးဝတ်ပြီး မင်္ဂလာပွဲဆင်နွှဲခဲ့တာ ပရိသတ်ကြီးတွေ့မြင်ပြီးသားဖြစ်မှာပါ။ ဒီကနေ့မှာတော့ မအေးသောင်းက “အမှတ်တရနေ့လေးမို့ ချစ်တဲ့သူတွေနဲ့ ဖန်တီးခဲ့တယ်။” ဆိုပြီး သူမရဲ့ မင်္ဂလာပွဲနေ့ကဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီပြသလာခဲ့ပါတယ်။
မအေးသောင်းကတော့ သူမရဲ့ တစ်သက်မှာတစ်ခါတည်းရှိတဲ့ မင်္ဂလာပွဲကို ချစ်သူရဲ့ရိုးရာဓလေ့အတိုင်း ဆင်နွှဲခဲ့သလို သူမစိတ်တိုင်းကျလည်း ဘုရားကျောင်းလှလှကြီးထဲမှာ ဆင်နွှဲခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း ကံကောင်းပြီး အချစ်ခံရလွန်းတဲ့ မအေးသောင်းကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Aye Thaung ‘s fb
ချစ်သူရဲ့ ရိုးရာအတိုင်း ကချင်ဝတ်စုံလေးဝတ်ပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့ပုံရိပ်တွေကို ပြသလာတဲ့ မအေးသောင်း
Yolo
Source: Aye Thaung ‘s fb