ချစ်သူရဲ့လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ပြီး မကြာခင်အချိန်အတွင်း လက်ထပ်တော့မယ်ဆိုတဲ့ စုလင်းရှိန်
သရုပ်ဆောင် စုလင်းရှိန်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်လာခဲ့သူဖြစ်ပေမယ့် လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်လင်းဒွေးရဲ့ တူမဖြစ်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေပြီပဲဖြစ်ပါတယ်။
အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး ဓာတ်ပုံတွေတင်သလို ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေလည်း မျှဝေပေးနေတဲ့ စုလင်းရှိန်ဟာ ဒီကနေ့မှာလည်း သူမရဲ့ မင်္ဂလာပွဲသတင်းကိုပြောပြလာပါတယ်။ စုလင်းရှိန်က “မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်း ချစ်ပရိတ်သတ်များနှင့် sweethearts💘လေးတွေကို အကြောင်းကြားအပ်ပါသည် … 🤍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အသိပေးလာတာပဲဖြစ်ပါတယ်။
စုလင်းရှိန်ကတော့ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံခဲ့ပြီး မကြာခင်အချိန်အတွင်းမှာ လက်ထပ်ပွဲကျင်းပတော့မယ့်အကြောင်းကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ရဲ့လက်ထပ်ပွဲသတင်းကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Lin Shein ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Su Lin Shein ‘s fb
error: Alert: Content is protected !!