ချစ်သူရည်းစားမရှိပေမယ့် ချစ်ပရိသတ်တွေဆီက အရိပ်တကြည့်ကြည့်နဲ့ အချစ်ခံနေရကြောင်း ပြောပြလာတဲ့ ဝေလာရီ

သရုပ်ဆောင် ဝေလာရီကတော့ ချစ်စရာကောင်းတဲ့ မွန်မလေးအဖြစ် ပရိသတ်တွေအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ ဝေလာရီဟာ သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိခဲ့ပြီးနောက် “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လှပပြီး ချစ်စရာကောင်းသူလေးဖြစ်ပေမယ့် ဝေလာရီဟာ ချစ်သူသမီးရည်းစားမရှိပဲ တစ်ကိုယ်တည်း Single အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။   

(၁၅၀၀) အချစ်နဲ့ အချစ်မခံရပေမယ့် ပရိသတ်တွေဆီက (၅၂၈) မေတ္တာတွေကို ရရှိနေတဲ့ ဝေလာရီဟာ ဒီကနေ့မှာလည်း သူမရဲ့ ပရိသတ်တွေဆီက လက်ဆောင်တွေရရှိခဲ့ကြောင်း ပြောလာပါတယ်။ ဝေလာရီက “ချစ်Fan လေး မေခန့်နဲ့သီသီ ပေးတဲ့ လက်ဆောင် ရည်းစားမရှိပေမယ့် fanလေးတွေဆီက အချစ်ခံရတယ် 🥰💛 ကလေးတွေက အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ဒီလိုပေးတာတော့ သိပ်လက်မခံချင်ဘူး နောက်မပေးနဲ့တော့နော် ကလေးတို့ရေ 🥰💛 စေတနာကို အသိအမှတ်ပြုပါတယ် … ချစ်တယ် 💛 ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ဝေလာရီကတော့ ပရိသတ်တွေဆီက မကြာခဏဆိုသလို လက်ဆောင်တွေရရှိပြီး အချစ်ခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေလာရီတစ်ယောက် အခုလိုပဲ ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wai Lar Ri ‘s fb

error: Alert: Content is protected !!