ချစ်သူမို့လို့ နေဒွေးကို အားကိုးပြီး အခက်အခဲတွေရင်ဖွင့်မိခဲ့တာ အသံဖိုင်ပါယူပြီး လုပ်ရက်သွားတယ်ဆိုတဲ့ Htang Ra

သရုပ်ဆောင် နေဒွေးနဲ့ သူ့ရဲ့ချစ်သူကောင်မလေးတို့ကတော့ သာမာန်သမီးရည်းစားပြဿနာတွေတက်ရာမှ တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်း ပြဿနာတွေတက်ခဲ့ရတာပဲဖြစ်ပါတယ်။ နေဒွေးကလည်း Htang Ra ဟာ သူ့ဆီက ပိုက်ဆံတွေချေးတယ်လို့ Screenshot တွေနဲ့ပြောခဲ့သလို Htang Ra ကလည်း သူမအခက်အခဲရှိနေချိန်မှာ ရင်ဖွင့်မိတာကို လုပ်ရက်တယ်ဆိုပြီး အခုလိုပဲပြောလာတာပဲဖြစ်ပါတယ်။

Htang Ra က “ငါ့မှာရင်ဖွင့်စရာဆိုလို့ နင်ဘဲရှိခဲ့လို့ ကိုယ့်ချစ်သူကိုရင်ဖွင့်တာလေ ငိုပီးရင်ဖွင့်ခဲ့တာတောင် အခုချိန်နင့်ကိုငါလမ်းခွဲလိုက်ရင် နင်ရူးသွားမယ်တွေရော စုံနေတာဘဲပြောတာ အမှန်ဆို ကိုရှိတယ် ဘာမှအားမငယ်နဲ့ အဆင်ပြေသွားမယ်နော်ဆိုပီးအားပေးစကားကြားချင်ခဲ့တာ စိတ်ဓာတ်အရမ်းကျပီး လုံးဝအဆင်မပြေဖြစ်တဲ့အချိန်မှာရင်ဖွင့်တယ် ပိုက်ဆံဆပ်ပေးပါတခွန်းမှမပြောဘူး ပိုက်ဆံဆယ်သိန်းလည်း မတောင်းပါဘူး အသံဖိုင်တွေတောင်ယူထားတာတဲ့ သူကဆပ်ပေးမယ် ပြန်မပေးနဲ့ ပြောပီးသူ၈သိန်းဆပ်ပေးခဲ့တယ် ကိုယ်အလုပ်အဆင်ပြေတဲ့အချိန်သူအသိဆုံးပါ ကိုယ်ဘယ်လိုတွေဖြည့်စည်းပေးခဲ့လဲဆိုတာ အခုတော့ပြန်ရလိုက်တာက ရင်ဖွင့်တာကို လန်လိုက်တာလား စိတ်မကောင်းဘူး😊” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Htang Ra က သူမအမှန်တကယ် အခက်အခဲဖြစ်စဉ်က နေဒွးကို ရင်ဖွင့်ခဲ့တာကို နေဒွေးဘက်က အသံဖိုင်ပါယူထားပြီး လုပ်ရက်ခဲ့တယ်ဆိုတဲ့အကြောင်းကို စိတ်အားငယ်စွာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Htang Ra’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Htang Ra’s fb

error: Alert: Content is protected !!