ချစ်သူမိန်းကလေးနဲ့ တွဲလက်မဖြုတ်စတမ်းချစ်နေချင်တဲ့အကြောင်းကို ရိုမန့်တစ်ဆန်ဆန်ပြောလာတဲ့ ပိုးမီ

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများလာခဲ့တဲ့ အဆိုတော်မလေး ပိုးမီကိုတော့ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ ပိုးမီဟာ သူမဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြိုးစားနေသူဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားနိုင်သေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပိုးမီဟာ သူမအရမ်းချစ်ရတဲ့ ချစ်သူလေးတစ်ယောက်ကိုရရှိနေပြီဖြစ်ပြီး ထိုချစ်သူလေးကလည်း မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။

ချစ်သူသက်တမ်း သုံးလကျော်ရှိခဲ့ပြီဖြစ်တဲ့ ပိုးမီတို့စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ချိန်နည်းပါးသေးတယ်ဆိုပေမယ့် သူတို့ရဲ့အချစ်ကတော့ နက်နက်ရှိုင်းရှိုင်းရှိုင်းရှိကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုးမီက သူမရဲ့ချစ်သူလက်ကို ဆုပ်ကိုင်ပြီး “ကမ်းတဲ့ လက်တိုင်း… မဆွဲလိုပေမယ့် ကိုယ်တွဲတဲ့လက်ကလေးနဲ့တော့ … မြဲချင်တယ် … 🥰” ဆိုပြီး ချစ်သူနဲ့ တွဲဖက်မဖြုတ်စတမ်း ချစ်ချင်တဲ့အကြောင်းကို ရိုမန့်တစ်ဆန်ဆန်ပြောလာပါတယ်။

ပိုးမီတို့ချစ်သူနှစ်ယောက်ကတော့ LGBT စုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ အားကျစရာအတွဲလေးဖြစ်နေတာပဲနော်။ ပိုးမီတို့ချစ်သူနှစ်ဦး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပြီး တွဲလက်မဖြုတ်စတမ်းချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Mi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Poe Mi ‘s fb

error: Alert: Content is protected !!