အဆိုတော် ဟန်ထူးလွင်ကတော့ ကလေးနှစ်ယောက်ဖခင်ဖြစ်တယ်ဆိုတာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဟန်ထူးလွင်ဟာ သူ့ရဲ့ ဇနီးသည်နဲ့ (၂၀၁၉) ခုနှစ်က ကွာရှင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် သူတို့ရဲ့ အိမ်ထောင်သက်တမ်း (၁၅) နှစ်ပြည့်ချိန်မှာတော့ ပြန်လည်အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟန်ထူးလွင်တို့ အိမ်ထောင်ရေးဟာ အချိန်ကြာကြာအဆင်မပြေနိုင်ခဲ့ပဲ အရင်အတိုင်း တစ်ယောက်စီသီးသန့်ပြန်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟန်ထူးလွင်ဟာ အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ ချစ်သူရည်းစားတွေဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟန်ထူးလွင်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ ဖေ့စ်ဘုတ်စာမျက်နှာမှာ Relationship ချိတ်ပြီး ချစ်သူတွေဖြစ်နေတဲ့အကြောင်း လူသိရှင်ကြားကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ဟန်ထူးလွင်နဲ့ ဆွိဝတ်ရည်သောင်းတို့ကတော့ ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ သူ့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြားချပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်ထူးလွင်နဲ့ ဆွိဝတ်ရည်သောင်းတို့နှစ်ယောက်အတွက် ဝမ်းသာဂုဏ်ပြုစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Sweet Wutt Yi Thaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ချစ်သူတွေဖြစ်နေကြပြီဆိုတာကို လူသိရှင်ကြားတရားဝင်ထုတ်ကြေငြာလိုက်ပြီဖြစ်တဲ့ ဟန်ထူးလွင်နဲ့ ဆွိဝတ်ရည်သောင်း





Yolo

error: Alert: Content is protected !!