ချစ်သူဆွိဝတ်ရည်သောင်းကိုယ်တိုင်ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံအမိုက်စားတွေကို ထုတ်ကြွားလာခဲ့တဲ့ ကျားပေါက်

အဆိုတော် ကျားပေါက်ကတော့ သူ့ရဲ့ဂီတအနုပညာကြောင့်သာမကပဲ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ကျားပေါက်ဟာ သူ့ရဲ့ဇနီးဇုံဇုံနဲ့ ကွာရှင်းပြီး နှစ်အနည်းငယ်မှာပဲ အဆိုတော်ဆွိဝတ်ရည်သောင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုဆိုရင် လူသိရှင်ကြား လက်တွဲနေကြပြီပဲဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းနဲ့ ကျားပေါက်တို့ရဲ့အချစ်ရေးဟာ အစပိုင်းမှာတော့ လူတွေဝေဖန်မှုကိုရရှိခဲ့ပေမယ့် အခုဆိုရင် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကျားပေါက်က သူ့ရဲ့ Bipolarbear ကနေ ရောင်းချမယ့် အင်္ကျီဒီဇိုင်းသစ်လေးကို ချပြရင်း အဆိုပါဓာတ်ပုံတွေဟာ ချစ်သူဆွိဝတ်ရည်သောင်း ရိုက်ကူးပေးထားတဲ့အကြောင်းကို ထုတ်ကြွားလာခဲ့ပါတယ်။ ဒါ့အပြင် ဆွိဝတ်ရည်သောင်းကလည်း ကျားပေါက်နဲ့အတူတူ အင်္ကျီလေးဆင်တူဝတ်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါသေးတယ်။

ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့အချစ်ရေးကတော့ တစ်ယောက်ရဲ့အလုပ်တွေမှာ တစ်ယောက် အပြန်အလှန်ကူညီပေးရင်း အေးအေးချမ်းချမ်းရှိနေတာပဲဖြစ်ပါတယ်။ ကျားပေါက်တို့ ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Htue Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!