





Source: Smile lmp’s fb

ချစ်သူကောင်မလေးဆီက ချစ်တဲ့အကြောင်းတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့တသီကြီး အပြောခံခဲ့ရတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူသိများတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် မာန်မာနတွေ ပကာသနတွေမရှိပဲ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေတင်မကပဲ သူ့ရဲ့လက်တွေ့ဘဝက နေထိုင်မှုပုံစံဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ဖြစ်တည်မှုအတွက် ပရိသတ်တွေကို ရိုးရိုးသားသားချပြဖို့ ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။

ချစ်သူရှိကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားပြီးပြီဖြစ်တဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာတော့ ချစ်သူလေးရဲ့ ခံစားချက်တွေဖွင့်ဟခြင်းခံခဲ့ရပါတယ်။ ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးက “ဒါမျိုးတွေပြောလေ့မရှိပေမယ့် မောင်နဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးအပေါ် မောင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါတယ်။ မောင်ဟာ ကျွန်မရဲ့ချစ်သူလည်းဖြစ်၊ ယုံကြည်ရတဲ့ သူစိမ်းတစ်ယောက်လည်းဖြစ်တဲ့အတွက် ကျွန်မအရမ်းကံကောင်းပါတယ်။ မောင့်ရဲ့ကျွန်မအတွက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ကျွန်မအပေါ် အဆုံးမရှိတဲ့ ဂရုစိုက်မှုတွေအတွက်ရော ကျေးဇူးတင်ပါတယ်။ မိုးရွာနဲ့နေ့ဖြစ်ပါစေ နေသာတဲ့နေ့ဖြစ်ပါစေ မောင်ဟာ ကျွန်မအနားမှာ အမြဲတမ်းရှိနေပေးခဲ့တယ်။ ကျွန်မတို့ ဒီလောက်အချိန်အကြာကြီးရှိနေခဲ့ဖို့ နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့ရတယ်။ ”

“ဒီနှစ်တွေမှာဆိုရင် ကျွန်မတို့ရဲ့ အခက်ခဲဆုံးနေ့တွေဖြတ်သန်းခဲ့ရပြီး ကျွန်မတို့ထင်ထားတာထက် ပိုပြီးသန်မာလာခဲ့တယ်။ ကျွန်မရဲ့ဘဝထဲမှာ မောင်နဲ့ဆုံတွေ့ခွင့်ရခဲ့တာက အကောင်းဆုံးဆုံးဖြတ်ချက်နဲ့ အမှန်ဆုံးရွေးချယ်ခဲ့မှုပါပဲ။ အချစ်ရေ.. ကျွန်မရဲ့လက်ကို အမြဲဆုပ်ကိုင်ထားပြီး ဘယ်တော့မှမလွှတ်လိုက်ပါနဲ့နော်။ ကျွန်မရဲ့ဘဝထဲမှာ မောင်ကလွဲပြီး ဘယ်သူနဲ့မှမဆုံချင်တော့ဘူးဆိုတာ ကျိန်ဆိုရဲပါတယ်။ ကျွန်မတို့ရဲ့ အချစ်လမ်းခရီးသာယာဖြောင့်ဖြူးဖို့အတွက်ပဲ ကျွန်မအာရုံစိုက်သွားမှာပါ။ ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေကိုတည်ဆောက်ပြီး ထာဝရအတူတူရှိသွားကြမယ်နော်။ မောင့်ရဲ့ချစ်သူဖြစ်ခွင့်ရတာ ကျွန်မအရမ်းကြည်နူးတာပါ။ မောင့်ကို ကျွန်မအရမ်းချစ်တယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ချစ်သူလေးကတော့ ထူးထူးခြားခြားအနေနဲ့ ပိုင်တံခွန်ကိုချစ်တဲ့အကြောင်းတွေကို စာတွေတသီကြီးရေးပြီး ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်တို့ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲထာဝရပျော်ရွှင်ပြီး သက်ဆုံးတိုင်လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Smile lmp’s fb

error: Alert: Content is protected !!