ချစ်ရတဲ့ ပရိသတ်တွေကြောင့် YouTube ကချီးမြှင့်တဲ့ ဆုတစ်ခုကို ထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဆိုတဲ့ အုပ်စိုးခန့်

မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့နေရာ တစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

လူငယ်လေးတစ်ယောက်ဆိုပေမယ့် အောင်မြင်မှုတွေတဖွဲဖွဲရရှိနေပြီဖြစ်တဲ့ အုပ်စိုးခန့်က ဒီကနေ့မှာလည်း YouTube က ပေးအပ်တဲ့ ဆုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပြီလို့ သိရပါတယ်။ အုပ်စိုးခန့်က “Another mile stone achieved!!!! ❤️ YouTube Award 🏆 ကျနော်ရဲ့ချစ်ရသောကွေကာအုပ်လေးတွေကြောင့်ဒီဆု့ကိုရတာပါ .. ဒီထက်ပိုပီးကြိုးစားပေါ့မယ် 💪🏻.. သီချင်းအသစ်တွေလဲYouTubeမှာအများကြီးလာမည် …… ❤️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။

အုပ်စိုးခန့်ကတော့ လူငယ်လေးတစ်ယောက်ဆိုပေမယ့် ဂီတနဲ့ပတ်သက်တဲ့ ဆုတွေချီးမြှင့်ခံနေရတာ တကယ့်ကိုလေးစားစရာပါပဲနော်။ အုပ်စိုးခန့်တစ်ယောက် အနုပညာလောကမှာ ဒီထက်မကအောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Oak Soe Khant’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!