





Source: Mi Sandi’s fb

ချစ်ရတဲ့ချစ်သူလေးကို တရားဝင်ချပြလာခဲ့ပြီး ဈေးဗန်းသိမ်းလိုက်ပါပြီလို့ ပရိသတ်တွေကို အသိပေးခဲ့တဲ့ မိစန္ဒီ

Rap စာသား အမိုက်စားတွေကို ကိုယ်တိုင် ရေးပြီး ကိုယ်တိုင် သီဆိုတဲ့ မွန်မလေး မိစန္ဒီကတော့ ဂီတလောက ထဲက ရှားရှားပါးပါး Rapper မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။မိစန္ဒီကတော့ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုမှာ သာမာန်လူတစ်ယောက် အဖြစ်သာ နေထိုင်တတ်တာကြောင့် ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရသူ ဆိုလည်း မမှားပါဘူး။ ဒီကနေ့ဇွန်လ (၁၂) ရက်နေ့ကတော့ မိစန္ဒီရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မိစန္ဒီက သူမရဲ့ မွေးနေ့မှာ ချစ်ရတဲ့ချစ်သူနဲ့ ပရိသတ်တွေကို တရားဝင်မိတ်ဆက်ပေးလာခဲ့ပါတယ်။

မိစန္ဒီက “ဘဝရဲ့ အကောင်းအဆိုး အချိုးအကွေ့ လောကဓံတွေ တွေ ကြား ရှင်သန်ရုန်းကန်ရင်း ဒီနေ့မှာ အသက် ၃၂ နှစ်ပြည့်ခဲ့ပါပြီ.. အသက် ၁၉၊၂၀ သီချင်းစဆိုတဲ့ အချိန်လေးတည်းကနေ အခုအချိန်ထိ ပရိတ်သတ်တွေရှေ့မှာ သီချင်းတွေ ဖန်တီးခွင့်ရပြီး ကြီးပျင်းခွင့်ပေးတာရော.. ချစ်ခြင်းမေတ္တာတွေ အတွက်ရော ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ်.. ဒီနှစ်မွေးနေ့မှာ မိစန္ဒီ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့် လေးတချို့ ကို ပရိတ်သတ်ကြီး ကို ဝေမျှခွင့်ပြုပါရှင်။’

“ဒီနှစ် မွေးနေ့မှာတော့ အရင်လို မိစန္ဒီ တစ်ယောက်တည်း မဟုတ်တော့ပါဘူးလို့ 🙈🙈 မမ ဈေးဗန်း သိမ်းလိုက်ပါပြီနော်❤️🐷 Yes I’m taken 🙈🙈😜 hee hee Happy 32nd birthday to me 🎂🐷❤️❤️ မွေးနေ့ ဆုတောင်းပေးကြသော ပရိတ်သတ်များ အိမ်ကို လက်ဆောင်တွေပေးပို့ကြသော ပရိတ်သတ်များကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင် 😘🥰🥰” ဆိုပြီး ချစ်သူလေးကို မိတ်ဆက်ပေးလာခဲ့ပါတယ်။

မိစန္ဒီကတော့ သူမအချိန်တွေအကြာကြီးဖုံးကွယ်သိုဝှက်ထားခဲ့တဲ့ ချစ်ရသူလေးနဲ့ ပရိသတ်တွေကို တရားဝင်မိတ်ဆက်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိစန္ဒီရဲ့ ချစ်သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Mi Sandi’s fb

error: Alert: Content is protected !!