Source: Zenn Kyi ‘s fb
ချစ်ဇနီးလေး ခရစ္စတီးနားခီဆီမှာ (၂၂) နှစ်တာလုံး ဘဝကိုပုံအပ်နှင်းထားရတာ တန်တယ်လို့ပြောလာတဲ့ ဇာဏ်ခီ
ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သစ္စာရှိကြတဲ့ စံပြအိမ်ထောင်သည်တွေအဖြစ် ပရိသတ်တွေကလဲ သတ်မှတ်ပေးထားကြပါတယ်။ ဒီကနေ့ ဇွန်လ (၁၂) ရက်နေ့ကတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၂၂) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။
ဇာဏ်ခီကတော့ စကားပြောကောင်းသူတစ်ယောက်ပီပီ မင်္ဂလာသက်တမ်း (၂၂) နှစ်ပြည့်မှာ ချစ်ဇနီးလေးကို “လူနှဦးမေတ္တာမျှတယ်ဆိုတာ တကယ်တော့စကားလုံးလေးကလှသလောက် လက်တွေ့မှမလွယ်လှပါဘူး။ မေတ္တာမျှပြီဆိုရင် မေတ္တာပဲမျှလို့မရဘူး။ တခြားရှိသမျှအကုန်လုံးပါမျှဝေခံစားရပါတယ်။ ကိုယ့်ရဲကောင်းခြင်းဆိုးခြင်းတွေကိုသူယူရသလို သူ့ရဲ့ကောင်းခြင်း(ကောင်းခြင်း😉) တွေကိုလည်းကိုယ်ယူရတယ်။ သူ့ရဲ့လွတ်လပ်ခွင့်တွေလျော့သွားသလို ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေလဲလျော့လိုက်ရတယ်။ ကိုယ့်ရဲ့အပူတွေသူယူရသလို သူ့ရဲ့အပူတွေလည်းကိုယ်ကမျှဝေခံစားပေးရတယ်။”
“ဆိုတော့ တာတိုမှာတော့မသိသာပေမယ့် တာဝေးမှာတော့သိသာလာမယ်။ တွေးစရာတွေရှိလာတယ်။ ငါ့ဘဝကြီးကို ဒီလူကြီးဆီမှာပုံအပ်ထားရတာတန်ရဲ့လားဆိုတဲ့မေးခွန်းဟာလည်းမသိစိတ်မှာရှိလာတယ်။ အမျိုးသမီးတွေကတော့ပိုတွေးမှာပေါ့နော်။ အမျိုးသမီးတွေကကိုယ့်ကိုယ်ကိုယ်ပိုနှမြောတတ်ကြတာဆိုတော့။😁 ဒါပေမယ့် ဒီမေးခွန်းက one way မဟုတ်ပါဘူး၊ two way ပါ။ဆိုတော့ကာ… တန်လားလို့မေးရင်ဖြင့်.. မခီကတော့မပြောတတ်ဘူး.. ကျနော့်ဖက်ကတော့ တန် တန် တန် လို့တောင်မြည်နေပါတယ်လို့။ 😅🥰❤️ HAPPY 22nd ANNIVERSARY, my love!” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။
ဇာဏ်ခီတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက် (၂၂) နှစ်ကြာလာပြီဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာပြီး ချစ်လို့တောင်မဝသေးတာကို အားကျဖွယ်တွေ့ရပါတယ်။ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ အိမ်ထောင်သက် (၂၂) နှစ်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zenn Kyi ‘s fb