ချစ်ဇနီးလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့စကားကြောင့် ပရိသတ်တွေကို အားကျစေခဲ့ပြန်တဲ့ နေဝင်း

အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်တဲ့ Snare အဖွဲ့က အဆိုတော် နေဝင်းကတော့ လူငယ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ခံရသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဖန်တီးပေးနေလျက်ရှိတဲ့ နေဝင်းဟာ တစ်ဖက်မှာလည်း သူ့ရဲ့အိမ်ထောင်ရေးကို သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ နေဝင်းတို့ ဇနီးမောင်နှံကို ချစ်သူဘဝကတည်းကနေ အခုအချိန်ထိ အားပေးချစ်ခင်ကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၂) ရက်နေ့ကတော့ နေဝင်းရဲ့ ဇနီးလေး အိမ့်ချစ်ချောရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ နေဝင်းက အိမ့်ချစ်ချောရဲ့မွေးနေ့လေးအတွက် “Happy Birthday ချစ်ဆုံးချော 🌻 ဘယ်အရာမှ မမြဲဘူး အားလုံးက ခဏပဲ။ အဲ့ထဲမှာ ဘိုးတော်ရဲ့အချစ်မပါဘူး 💛” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေရတာပဲဖြစ်ပါတယ်။

နေဝင်းကတော့ သူ့ရဲ့ဇနီးသည်ကို ချစ်တဲ့အကြောင်းတွေ တဖွဖွပြောဆိုတတ်သူတစ်ယောက်ဖြစ်ပြီး ချစ်တဲ့အကြောင်းကို ဖွင့်ဟဖို့လည်း ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီးအားကျနေကြပြီထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nay Win ‘s fb

error: Alert: Content is protected !!