




Source: Ashin kumara ‘s fb

ချစ်ဇနီးနဲ့အတူတူ အလိုတော်ပြည့်ဆရာတော်ကို နေ့ဆွမ်းကပ် ဆွမ်းဆန်စိမ်းလှူဒါန်းခဲ့တဲ့ အကယ်ဒမီနေတိုး

မင်းသားချောနေတိုးကတော့ မြန်မာမင်းသားတွေထဲမှာ အကျော်ကြားဆုံး နာမည်ကြီးမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ အသက် (၄၀) ကျော်ထိတိုင် အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းယူရရှိထားတဲ့ နေတိုးဟာ သူ့ရဲ့ဘဝလက်တွဲဖော်ကြင်ယာနဲ့လည်း အသက် (၄၀) ကျော်မှ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ နေတိုးဟာ လက်ရှိမှာတော့ သူ့ရဲ့အနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားထားပြီး ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေတိုးတို့ ဇနီးမောင်နှံက ရန်ကုန်၊ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော်ကို သွားရောက်ဖူးမြှော်ခဲ့တာကို တွေ့ရပါတယ်။ နေတိုးတို့ ဇနီးမောင်နှံက ဆရာတော်ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်တော်ကိုလည်း လောင်းလှူခဲ့တယ်လို့ သိရပါတယ်။

နေတိုးကတော့ တစ်သက်လုံးလူပျိုကြီးလုပ်မယ်လို့ ပရိသတ်တွေထင်ထားခါမှ ရုတ်တရက်ကြီး မင်္ဂလာဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ နေတိုးတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ စိတ်တူကိုယ်တူနဲ့ ကုသိုလ်ကောင်းမှုတွေအများကြီးပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ashin kumara ‘s fb

error: Alert: Content is protected !!